Showing posts with label တေးဂီတ. Show all posts
Showing posts with label တေးဂီတ. Show all posts

Thursday, October 10, 2013

သန်းခြောက်ထောင်ထက် ပိုတဲ့သူ (cover)



သန်းခြောက်ထောင်ထက် ပိုတဲ့သူ (cover)
မူရင်း - yan naing 
ကို yan naing ဆိုထားတဲ့ သီချင်းလေးပါ၊ originalတဲ့။ နားထောင်ကောင်းလို့၊ ကြိုက်လို့ ပြန်ဆိုထားပါတယ်။
တီးတဲ့ ညီလေးနဲ့ မတိုက်ထားရလို့ နည်းနည်းကသိကအောက်ဖြစ်နေတယ်။ စာသားတွေလဲ ၀ါးချထားတာတွေရော၊ ကျန်ခဲ့တာတွေရော၊ မှားသွားတာတွေရောပဲ :D


Thursday, September 26, 2013

လိုအပ်ခြင်း - တေးဆို ဆု ပြီးတော့ တေးရေး ကျွန်တော် :)

မူရင်း - ဘရစ်တနီစပီးယားရဲ့ Everytime
ကြာတော့ ကြာခဲ့ပြီ။
တစ်နှစ်ကျော် နှစ်နှစ်လောက်တောင် ရှိပြီ။ ဒီသီချင်းကို ရေးပြီး သူငယ်ချင်းဆုက အသံသွင်းခဲ့တာလေ။
တကယ်တော့ ကော်ပီသီချင်းဆိုတာ ရေးရတာ အင်မတန် လွယ်ပါတယ်။
သီချင်းတစ်ပုဒ်ဖြစ်တည်ဖို့အတွက် အခက်ခဲဆုံးက musicတစ်ခုကို နားထောင်ကောင်းအောင် အသက်သွင်းရတာပါပဲ။ အဲဒီတေးသွားတစ်ခုမှာ rythmပါမယ်၊ melody ပါမယ်။ နားထောင်ကောင်းအောင် ဖန်တီးဖို့ ဆိုတာ တော်တော်အကျွမ်းတ၀င်ရှိဖို့ လိုပါလိမ့်မယ်။
ဖန်တီးပြီးသား တေးသွားတစ်ခုမှာ လိုအပ်သလို အဓိပ္ပါယ်ရှိတဲ့ စာသားလေးတွေထည့်ဖို့ဆိုတာ သိပ်တော့ ခက်ခဲလှတဲ့ အရာတစ်ခုမဟုတ်ဘူးထင်တာပါပဲ။
စာသားထည့်ပြီးတဲ့အခါ နားထောင်ကောင်းအောင် အသံအနိမ့်အမြင့်အတက်အကျအဆွဲအငင်နဲ့ ဖမ်းစားဖို့အတွက် အဆိုသမားအဖို့လည်း မလွယ်လှပါဘူးလေ။

လိုအပ်ခြင်း

V1  :အိပ်မက်များ မျောလွင့်ခြင်း၊ ဘ၀အိမ်ထဲ လူးလွန့်ရင်း
       အချိန်များလည်ပတ် တစ်ယောက်တည်း ငါ ကုန်လွန်နေရင်း
Cho:ပေါင်းစပ်မရခဲ့တဲ့ ကိုယ်စီအိပ်မက်၊ 
       အချစ်ရဲ့ အဝေးမှာ ဦးနှောက်စေရာ ငါလျှောက်နေပေမယ့်လည်း
       ဟိုးအတိတ်က အချစ်နဲ့ ရှင်သန်ခဲ့သော၊ 
       မှေးစက်ခဲ့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး
V2 :အတိတ်ဆီက အချစ်နေ့များ၊ လိုအပ်ချိန်တိုင်း ခွန်အားများပေး
      အခုများမှာတော့ ငါ့နံဘေးမှာ အရာရာပျောက်ဆုံး
Cho:ဦးနှောက်အသိတို့နဲ့ ယုံကြည်ယူဆ
       နှလုံးသားလေးဟာ အဝေးဆုံးနေရာ အယူအဆတွေရယ် အကုန်မှား
       ဘ၀ရဲ့ အတားအဆီးများ ရင်ဆိုင်ချိန်တိုင်း
       မှေးစက်ဖို့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး
ဟိုးးးအဝေးက ချစ်သူလေး
မိုင်များဖြတ်ပြီး
တစ်နေ့နေ့တော့ အရောက်လာမယ်
ပြန်ဆုံဆည်းချင်ပြီ အချစ်ရေ
ဟူးးးးး
ညတိုင်းဆုတောင်း အချစ်ဆုံးနဲ့ ပြန်လည်ဆုံဆည်းဖို့ရယ်

Cho:ဘ၀ရဲ့ အတားအဆီးများ ရင်ဆိုင်ချိန်တိုင်း
       မှေးစက်ဖို့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး

       ဟိုးအတိတ်က အချစ်နဲ့ ရှင်သန်ခဲ့သော၊ 
       မှေးစက်ခဲ့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး



Friday, September 20, 2013

hobbit2012 ဇာတ်ကားထဲက ဖြတ်ထားတဲ့ သီချင်းအပိုင်းလေး

အသံတိုးနေတယ်၊ ချဲ့ပြီး နားထောင်ကြပါနော်
ဒီသီချင်းလေး သဘောကျတယ်
The Hobbit: An Unexpected Journey ဇာတ်ကားထဲက ဖြတ်ထုတ်ထားတာ။
သီချင်း တင်ဆက်ပုံ ပုံစံလဲ သဘောကျတယ်၊ နောက် စာသားလေးတွေလဲ သဘောကျတယ်။

"Far over the misty mountains cold
To dungeons deep and caverns old
We must  away, ere break of day
To find our-long forgotten gold
The pines were roaring on the height
The winds were moaning in the night,
The fire was red, it flaming spread,
The trees like torches blazed with light."

We must  away, ere break of day
To find our-long forgotten gold
ကိုယ့်နိုင်ငံရဲ့ အဝေးကို ရောက်နေရသူတွေ ခံစားလို့ရမှာပါ :D ။



Sunday, March 24, 2013

Flushed away (ဖြတ်စ)


Flushed awayဆိုတဲ့ ကာတွန်းဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းလေးတစ်ခန်းပါ၊
ကြိုက်လို့ ဖြတ်ထုတ်ထားတာ၊
တိုက်ဆိုင်သွားရင် ခွင့်လွှတ်ကြနော်... :P

Thursday, March 14, 2013

There is no home like the one you've got 'cause that belongs to you


I have got so much to give
I swear I do
I may not have nine lives
But this one feels brand-new
Yes, I've lived a good one
I have tried to be true
There are some things I never realized
Till I met you
How the wind feels on my cheeks
When I'm barking at the moon
There is no home like the one you've got
'Cause that home belongs to you

Here I come
Back to you
There is no home like the one you've got
'Cause that home belongs to you

Well, I was in trouble bad
I was so confused
I may not see in color, babe
But I sure can feel blue
I have been a lot of things
They may not all be true
My experience was so mysterious
Till I met you
Now the sun will rise in the east
But I'm barking at the moon
There is no home like the one you've got
'Cause that home belongs to you

Here I come
Back to you
There is no home like the one you've got
'Cause that home belongs to you
There is no home like the one you've got
'Cause that home belongs to you


Bolt ကာတွန်းဇာတ်ကားထဲက ဇာတ်ဝင်တေးတစ်ပုဒ် ကြိုက်လို့ ဖြတ်ထုတ်ထားတာ
ဟောဒီစာသားလေး အကြိုက်ဆုံး
There is no home like the one you've got
'Cause that home belongs to you

ဒီတိုင်းပို့စ်တင်မလို့ဟာကို ဘလော့ဂါမှာတင်မရလို့ you tubeမှာ channelဖွင့်ပြီး ရှဲလိုက်တယ် ဘာရမလဲ ဟဲဟဲ

Thursday, January 31, 2013

မင်းမြန်မာ တေးဆို အောင်ကိုလတ်



မင်း...မြန်မာ
တေးရေး၊တေးဆို - အောင်ကိုလတ်

(ဒီသီချင်းလေး အရမ်းကောင်းတယ်ဗျ... ကျွန်တော်တို့လို နိုင်ငံရပ်ခြားရောက်နေသူတွေအဖို့ အိမ်ကို လွမ်းတဲ့အခါ၊ အမိမြေကို လွမ်းတဲ့အခါ၊ သူစိမ်းအရပ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နားထောင်သင့်တဲ့ သီချင်းပေါ့ဗျာ။ ကျွန်တော့်အတွက်တော့ ဒီသီချင်းလေးက အားအင်တွေကို ပေးပါတယ်။ စာသားလေးတွေကို သေသေချာချာနှလုံးသွင်းပြီး နားထောင်ကြည့်ပါနော်...)

Lyrics

ပျော်ပျော်နေပါ အပျော်ဆုံး... ပြုံးပြုံးလေး အမြဲပျော်ပါ...
တော်အောင်နေပါ အတော်ဆုံးမို့ အမြဲတမ်း မင်း တော်ပါစေ...

ပျော်ပျော်နေပါ အပျော်ဆုံး... ပြုံးပြုံးလေး အမြဲပျော်ပါ...
တော်အောင်နေပါ အတော်ဆုံးမို့ အမြဲတမ်း မင်း တော်ပါစေ...
လှိုင်းကြမ်းလှေ... လွန့်လူးပါစေ... ဇွဲနဲ့လေ... ကြိုးစားကာနေ...

မှန်မှန်နေရင် မှန်မှန်မင်းမို့ အမြဲတမ်း မင်း မင်းမှန်ပါစေ...
ဘယ်သူဘယ်ဝါ ဘာတွေပြောပြော မင်းလမ်း မင်းမှန်ပါစေ...

ဘယ်နေရာမှာ ဘာကိုလုပ်လုပ် ရိုးသားခြင်း အရင်းခံလေ...

လူသာသေမယ် နာမည်လေးတော့ အမြဲတမ်း အသက်ရှင်ပါစေ...


ဘယ်နေရာမှာ ဘာကိုလုပ်လုပ် ရိုးသားခြင်း အရင်းခံလေ...

လူသာသေမယ် နာမည်လေးတော့ အမြဲတမ်း အသက်ရှင်ပါစေ...

စိတ်ဓာတ်တွေ... မပျက်ပြားစေ...
ကြိတ်မှတ်နေ... ထိပ်သို့ ရောက်ပါစေ...

ဘယ်နိုင်ငံမှာ ဘာကိုလုပ်လုပ် မြဲမြဲမှတ်ပါ မင်း မြန်မာ...

လူပုံအလယ်မှာ မြန်မာပဲလို့ ရဲရဲခေါင်းဖော်နေ...


Tuesday, January 8, 2013

Rob Thomas - Little Wonders (Music Video)



Rob Thomas  
Little Wonders Soundtrack from Meet the Robinsons (Triff die Robinsons) 
Walt Disney
Meet the Robinsons ဆိုတဲ့ ကာတွန်းဇာတ်ကားလေးထဲက ဇာတ်သိမ်းသီချင်းလေးပါ။
ကာတွန်းကားလေးက ပေးတဲ့ အတွေးနဲ့ သီချင်းလေးကိုလဲ ကြိုက်တာမို့ ပြန်လည်မျှဝေလိုက်ပါတယ်။
ဒီဇာတ်ကားလေးမကြည့်ဖူးသေးရင်တော့ အဓိပ္ပါယ်နားလည်ဖို့ နည်းနည်းခက်မလားမသိဘူး။
အဲဒါကြောင့် lyrics ပါ မျှဝေလိုက်တယ်နော်။



Let it go,
Let it roll right off your shoulder
Don't you know
The hardest part is over
Let it in,
Let your clarity define you
In the end
We will only just remember how it feels

Our lives are made
In these small hours
These little wonders,
These twists & turns of fate
Time falls away,
But these small hours,
These small hours still remain

Let it slide,
Let your troubles fall behind you
Let it shine
Until you feel it all around you
And i don't mind
If it's me you need to turn to
We'll get by,
It's the heart that really matters in the end

Our lives are made
In these small hours
These little wonders,
These twists & turns of fate
Time falls away,
But these small hours,
These small hours still remain

All of my regret
Will wash away some how
But i can not forget
The way i feel right now

In these small hours
These little wonders
These twists & turns of fate
These twists & turns of fate
Time falls away but these small hours
These small hours, still remain,
Still remain
These little wonders
These twists & turns of fate
Time falls away
But these small hours
These little wonders still remain

Tuesday, November 6, 2012

ကျုပ်မြန်မာ - လင်းလင်း

လူဆိုရင် မိဘမေတ္တာ ဘုရားမဟောတောင် သိတတ်ရမယ်...
လူဆိုရင် သမိုင်းရဲ့သစ္စာ ဘုရားမဟောလဲ ထိန်းသိမ်းရမယ်...
ဟေ့.........
လူစကားပြောတာပါ...
ခေတ်အဆက်ဆက် မမှားယွင်းခဲ့ပါ... ဘယ်သူမှလဲ ပြောင်းလဲမရပါ...
ကမ္ဘာမြေရဲ့ နံနက်ခင်းတိုင်းဟာ ရိုးသားတဲ့ နှလုံးသားသစ္စာနဲ့.....
လူငယ်တွေနဲ့ အသက်ရှူတာ.....
ဘုရားပေးတဲ့ ငါ့ရဲ့အသက်ကို တန်ဖိုးရှိရှိ အသုံးချပြမယ်...
ဆူးမိုးများ သည်းလိုက်စမ်းပါစေ ဒုက္ခနဲ့ ချွေးသိပ်လိုက်မယ်ဟေ့...
ကြယ်စင်တွေ လှမ်းလျှောက်မယ်လေ...
ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ... အရောင်တွေ မမြင်နဲ့ လက်တွဲထားစမ်း ဘာမှ မစဉ်းစားနဲ့...
ရေမြေတစ်ခုတည်း အောင်ဆန်းအရိပ်သာ တို့မြန်မာ သေချာမှတ်ထား နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမယ်...
ရိုးသားတဲ့နှလုံးသားနဲ့ငါ နူးညံ့တဲ့အသိစိတ်နဲ့ငါ မြင့်မြတ်တဲ့ဦးနှောက်နဲ့ငါ ခမ်းနားတဲ့ အမျိုးသားသစ္စာနဲ့...
သခင်မျိုး ကျုပ်ဗမာ...
တံခါးဖွင့်လို့ ကျောချင်းကပ်ကာ နှလုံးသွေးချင်း ဆွဲထားစမ်းပါ...
အမျိုးမကွဲဘူး လာဘေးနားရပ်ပါ ကမ္ဘာတုန်အောင် ခေါင်းမော့ပြောမယ်ဟေ့...
သခင်မျိုး ကျုပ်ဗမာ...

ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ...
အရောင်တွေ မမြင်နဲ့ လက်တွဲထားစမ်း ဘာမှ မစဉ်းစားနဲ့...
ရေမြေတစ်ခုတည်း အောင်ဆန်းအရိပ်သာ တို့မြန်မာ သေချာမှတ်ထား နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမယ်...


ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ... အရောင်တွေ မမြင်နဲ့ လက်တွဲထားစမ်း ဘာမှ မစဉ်းစားနဲ့...

ရေမြေတစ်ခုတည်း အောင်ဆန်းအရိပ်သာ တို့မြန်မာ သေချာမှတ်ထား နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမယ်...

ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ... အရောင်တွေ မမြင်နဲ့  အောင်ဆန်းအရိပ်က တို့မြန်မာ

Tuesday, September 4, 2012

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် - ဇော်ဝင်းထွဋ်

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်
တေးရေး - စောခူဆဲလ်
တေးဆို - ဇော်ဝင်းထွဋ်
သံစဉ်စပ်ထားတာ၊ စာသားအရေးအဖွဲ့၊ သီဆိုသူရဲ့ ပိုင်နိုင်မှု လုံးဝပြောစရာ မရှိတဲ့သီချင်း၊ ယနေ့အချိန်မှာလည်း ခေတ်ကို ထင်ဟပ်စေနိုင်သော သီချင်း၊ ကျွန်တော်ကြိုက်သောသီချင်း။
အဲ ... ဒါနဲ့ ကြုံလို့ ပြောလိုက်ဦးမယ်။
လူများတော့ မညီညွတ်ဘူးဆိုတာ ဖြစ်နိုင်သလားဗျ။
သီချင်းထဲမှာပဲ ကြည့်လိုက်ပါဦး။
တိုင်းရင်းသားလူမျိုးကြီးတွေကို ကိုယ်စားပြုထားတဲ့ (မိန်းကလေး) လူဆယ်ယောက်လောက်ဟာ ဘယ်ယိမ်းညာယိမ်း ယိမ်းကြတာကို ညီအောင် မယိမ်းနိုင်ကြဘူး။ မယိမ်းကြတာလားလဲ မသိဘူးလေ။
တိုင်းရင်းသား၁၃၅မျိုးလုံးသာ ကိုယ်စားပြုပြီး ၁၃၅ယောက်ဆိုရင်တော့ ဘယ်လိုများနေမလဲ စဉ်းစားသာ ကြည့်ကြပေတော့။
တစ်ခုခုကိုများ သွယ်ဝိုက်ဖော်ပြနေသလားထင်ရတယ်။
ဖြစ်သင့်ပါတယ်၊ ဖြစ်သင့်ပါတယ်။

Thursday, August 16, 2012

ကောင်းကင်မဲ့သူများ

ကောင်းကင်မဲ့သူများ
တေးရေး - ညီမင်း ။
တေးဆို - ချစ်သူ ။
သရုပ်ဆောင် - အေးမင်းနိုင် ၊ လဲဘွယ်ဆဲလ် ၊ ထက်ဝေကျော်
HREIB ရဲ့ ၁၀ နှစ်မြောက် အမှတ်တရ MTV မှ ဖြစ်ပါတယ် ။
သီချင်းလေးက တော်တော်ကောင်းတယ်။ သရုပ်ဆောင်တွေကလဲ အပျော်တမ်းတွေ ဖြစ်မှာသေချာပေမယ့် ဇာတ်ကွက်ကလေးကောင်းတာကြောင့် တော်တော်ကို အသက်ပါတဲ့ MTVလေး ဖြစ်သွားပါတယ်။
တေးဆိုက ချစ်သူလို့ နာမည်တပ်ထားပေမယ့် ချမ်းချမ်းအသံနဲ့ တော်တော်ဆင်တူပါတယ်။
ထားပါတော့...
ကျွန်တော်စိတ်ဝင်စားတာက သီချင်းရယ်.. စာသားရယ်.. ဇာတ်ကွက်လေးရယ်ပါ...။
နားထောင်ရင်း၊ ကြည့်ရင်းနဲ့ မျက်ရည်များတောင် ၀ဲမိပါတယ်...။
 

Monday, July 23, 2012

အိမ်ပြန်လာမယ် - ဦးဂျွန်ကြီး (အမေရိကန်နိုင်ငံသား)


 

သီချင်းလေးနာမည်က အိမ်ပြန်လာမယ် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား ဦးဂျွန်ကြီး ကိုယ်တိုင်ရေးဖွဲ့သီဆိုထားတဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းဖြစ်ပါတယ်။
ဦးဂျွန်ကြီးဟာ အမေရိကန်နိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်အတန်ကြာ နေခဲ့ပါတယ်။
သူ အမေရိကန်ပြန်သွားပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံကို လွမ်းဆွတ်သတိရပြီး ပြန်လာချင်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံကို ပြန်ရောက်ပြီးမှ ရေးဖွဲ့သီဆိုထားတာ ဖြစ်ပါတယ်။
သီချင်းစာသားလေးတွေက တော်တော် အဓိပ္ပါယ်ရှိပါတယ်။
ကျွန်တော် တော်တော် ကြိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဝေးတစ်နေရာ ရောက်နေသူတိုင်း ခံစားနှစ်သက်နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။

Saturday, June 9, 2012

မဟာနွယ် (ရခိုင်တေးသီချင်း - ရခိုင်အမျိုးသားအဆိုတော် ၀င်းကိုခိုင်)


သီချင်းနာမည်က မဟာနွယ်ဖြစ်ပါတယ်။
သီဆိုသူကတော့ ရခိုင်အမျိုးသားအဆိုတော် ၀င်းကိုခိုင် ဖြစ်ပါတယ်။ သူ့အကြောင်းကိုတော့ ရခိုင်သူ၊ ရခိုင်သားတိုင်းသိကြမယ်ထင်ပါတယ်။ အကျယ်ချဲ့မပြောတော့ပါဘူး။
ကျွန်တော်အရင်က ပို့စ်တွေရေးပြီးတင်တိုင်း ပြင်ပ effect တွေ မပါအောင်၊ ကိုယ့်စိတ်ခံစားချက်တွေမပါအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးတင်ခဲ့တာပါ။
ခုတော့မရတော့ဘူး၊ ဒီသီချင်းလေးတင်လိုက်ပြီ၊ ဒီသီချင်းကို တင်ဖို့စဉ်းစားထားတာ လနဲ့ချီရှိပါပြီ။
ခုမှတင်ဖြစ်တော့တယ်။
ကျွန်တော် ကိုယ့်ကိုကိုယ် မြန်မာလို့ ခံယူထားတဲ့ မြန်မာတိုင်းကိုချစ်ပါတယ်။
ရခိုင်လဲ မြန်မာ၊ ဗမာလဲ မြန်မာ၊ ချင်းလဲမြန်မာ၊ ကချင်လဲ မြန်မာ မြန်မာတိုင်းရင်းသားတိုင်း မြန်မာပါပဲ။
ရခိုင်ကိုလဲ ချစ်တယ်၊ မွန်ကိုလဲ ချစ်တယ်၊ ရှမ်းကိုလဲ ချစ်တယ်၊ ကယား၊ကရင်တို့ကိုလဲ ချစ်တယ် ........မြန်မာလို့ခံယူထားတဲ့ မြန်မာတိုင်းကို ချစ်တယ်။
ခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကတော့ ရခိုင်ပြည်နယ်မှာ ရခိုင်သူ၊ ရခိုင်သားများနဲ့ အေးအတူ ပူအမျှ နေထိုင်ချင်မိနေတာပါပဲ။

Sunday, May 13, 2012

စကားဝါမြေ တေးဆို - နှင်းဧကရီ

ကျွန်တော်သီချင်းတွေတောင် မတင်ဖြစ်တာကြာပြီလေ။
အခုသီချင်းတစ်ပုဒ်တင်ပါမယ်။
သီချင်းနာမည်ကတော့ စကားဝါမြေဖြစ်ပြီး  တေးဆိုက နှင်းဧကရီပါ။
မူရင်းသီချင်းတော့ မဟုတ်ပါဘူး၊ ဘာversionမှန်းလဲ မသိပါဘူး၊ သိတဲ့သူရှိရင် ပြောပေးခဲ့ပါဦးနော်။
သီချင်းလေးက မူရင်းပုံစံလဲ သိပ်မပျောက်ဘူးထင်တယ်၊ နောက်ပြီး ဟိုမရောက်ဒီမရောက်အကတွေ ဥပမာ sexy dance တွေလဲ မပါလို့ သဘောကျစွာ တင်ပေးလိုက်တာပါ။
ပုပ္ပားတောင်ကလပ်အကြောင်းဆိုထားတဲ့ သီချင်းလေးပေါ့။
ပုပ္ပားဆိုတာ ကျောက်ပန်းတောင်းနဲ့ တောင်တွင်းကြီးကြားမှာ ရှိတာထင်တယ်။
သေချာမမှတ်မိတော့ဘူး။
ပုပ္ပားကို ကျွန်တော်နှစ်ခေါက်ရောက်ဖူးပါတယ်။ (နှစ်ခေါက်လုံး ၀မ်းလျှောတယ်၊ တိုက်ဆိုင်တာလားတော့ မသိ။)
တစ်ခေါက်က ညအိပ်တယ်၊ ဘိုးမင်းခေါင်ရိပ်သာမှာ၊ အလကားတည်းလို့ရတယ်၊ ရိပ်သာကြီးက တကယ့်ကို အပျံစားပဲ။ ပွဲတော်ရက်တွေတော့ နေရာအားမယ်မထင်။ အခန်းတွေပါရှိတယ်။ ရေချိုးခန်း၊ အိမ်သာ တစ်ခါတည်းပါပြီးသား။ (ရောက်ဖြစ်ခဲ့ရင် တည်းနိုင်ဖို့ပါ။)
နောက်တစ်ခေါက်ကတော့ နေ့ချင်းပြန်။ မကွေးကနေ မန္တလေးအသွား လမ်းမှာ ၀င်တာလေ။
မြန်မာနိုင်ငံ အလယ်ပိုင်းလွင်ပြင်ရဲ့ တကယ့် အိုအေစစ်လေးတစ်ခုပဲဗျာ။
ဘေးပတ်ဝန်းကျင်က မြို့တွေမှာ ဘယ်လောက်ပူပူ၊ ပုပ္ပားရဲ့ ဧရိယာထဲ ၀င်ပြီဆိုတာနဲ့ သိသိသာသာ အပူလျော့သွားတာ အမှန်ပဲဗျ။
ပတ်ဝန်းကျင်ကလည်း စိမ်းစိုပြီး သာယာလိုက်တာကတော့ တကယ်ပါပဲ။
တစ်ခုပဲ၊ တောင်ပေါ်က မျောက်တွေကတော့ လက်တော်တော် သရမ်းတယ် :P။
သီချင်းတင်တာကနေ စကားက ရှည်သွားပြန်ပြီ။
ခရီးသွားဝါသနာပါတဲ့သူတွေတော့ တကယ့်ကိုသွားသင့်တဲ့ နေရာတစ်ခုပါဗျား။



Friday, April 27, 2012

Road to Mandalay - Robbie Williams

Robbie Williams ရဲ့ Road To Mandalay ဆိုတဲ့သီချင်းပါ။
ဘာအဓိပ္ပါယ်လဲတော့ မသိဘူး၊ မန္တလေးနာမည်ပါတယ်၊ နားထောင်လို့လည်း ကောင်းလို့ တင်လိုက်တာပါ။
အဓိပ္ပါယ်သိလိုရင်တော့ အောက်မှာ ဘာသာပြန်ကြည့်နိုင်ပါတယ်။

Road to Mandalay Lyrics

Performed by Robbie Williams

Save me from drowning in the sea
Beat me up on the beach
What a lovely holiday
There's nothing funny left to say

This sombre song would drain the sun
But it won't shine until its sung

No water running in the stream
The saddest place we've ever seen

Everything I touched was golden
Everything I loved got broken
On the Road to Mandalay
Every mistake I've ever made
Has been rehashed and then replayed
As I got lost along the way

[Refrain]

There's nothing left for you to give
The truth is all that you're left with
Twenty paces then at dawn
We will die and be reborn

I like to sleep beneath the trees
Have the universe at one with me
Look down the barrel of a gun
And feel the Moon replace the Sun

Everything we've ever stolen
Has been lost returned or broken
No more dragons left to slay
Every mistake I've ever made
Has been rehashed and then replayed
As I got lost along the way

[Refrain]

Save me from drowning in the sea
Beat me up on the beach
What a lovely holiday
There's nothing funny left to say
(သီချင်းလေးကို အပျင်းပြေပဲဖြစ်ဖြစ် နားထောင်ကြည့်ပေါ့၊ မန္တလေးဆိုတဲ့ အသံလေးကြားရတာတင် သီချင်းနားထောင်ရတာ တန်ပါတယ် :P)

Saturday, April 14, 2012

နှစ်သစ်ချစ်ဦး

ဘာလိုလိုနဲ့ ဒီနေ့ သင်္ကြန်အကြတ်နေ့တောင် ရောက်ပြီနော်။
သင်္ကြန်လည်းရောက်ပြီ.. ရေလဲမဆော့ရ.. ပျော်လဲမပျော်ရ..။
ဘာလုပ်လို့ဘာကိုင်ရမှန်းလဲမသိ...။
အဲဒါနဲ့ပဲ brainless တင်ထားတဲ့ သင်္ကြန်သီချင်းလေးတွေ ဒေါင်း၊ ပြီးတော့ ပါးစပ်ကမြင်းလိုက်တာ ကိုယ်တိုင်ဆို သီချင်းတစ်ပုဒ်ရလာတယ်ဗျာ။
အဲဒါကို အင်တာနက်က ပုံလေးတွေဒေါင်းပြီး window movie maker နဲ့ လက်ကမြင်းလိုက်တာ ဟော... ဟောဒီ ဗီဒီယိုလေး ရလာတယ်ဗျို့..။
ကဲ..ကဲ.. အလည်ရောက်လာတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်း.. သင်္ကြန်အမှတ်တရလေး နားသောကဆင်သွားကြပါဦးဗျာ.. ဟီးးးးးးးး

Tuesday, April 10, 2012

မြန်မာပြည်သား - ရုပ်မြင်သံကြားသီချင်း

သီချင်းလေးနာမည်ကတော့ မြန်မာပြည်သား ဖြစ်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက မြန်မာ့ရုပ်မြင်သံကြားမှာ လာနေကျသီချင်းပေါ့။
ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့သီချင်းပါ။ ခုနောက်ပိုင်းတော့ ဟောင်းသွားလို့ထင်တယ်။ ရုပ်မြင်သံကြားမှာ လာတာ မတွေ့တော့ပါဘူး။
ကျွန်တော်ကတော့ ခုထိ ဒီသီချင်းကို ကြိုက်တုန်းပဲ။ ဒီသီချင်းကို You Tube က ဒေါင်းပြီးကြည့်တုန်းက ကျွန်တော့်သူငယ်ချင်းက ပြောပါတယ်။ ပေါလွန်းပါတယ်ကွာတဲ့..။
သူ့အတွက်တော့ မသိဘူး၊ ကျွန်တော့်အတွက်တော့ လုံးဝမပေါပါဘူး..။ တန်ဖိုးရှိတဲ့ သီချင်းတစ်ပုဒ်ပါ။

Monday, March 19, 2012

အိပ်မက်ကပွဲ - လင်းနစ်

သီချင်းလေးရဲ့နာမည်က အိပ်မက်ကပွဲ ပါ။
သီဆိုထားသူကတော့ လင်းနစ်ဖြစ်ပါတယ်။
ဘယ်အခွေထဲကလဲ၊ ဘယ်တုန်းထွက်တာလဲ မသိပါ။
အစ်မတစ်ယောက်ရှဲထားတာ ကြိုက်လို့ တင်ပေးလိုက်ပါတယ်။
မနေ့က ကျွန်တော်တင်ထားတဲ့ " ရင်ရဲ့ရှိုက်သံ " ကဗျာလေးနဲ့ တွဲပြီး ခံစားကြည့်ပေးကြပါနော်။

Tuesday, March 6, 2012

လှမ်းလာခဲ့ပါ ပြည်မြန်မာ - အေးချမ်းမေ

ဒီသီချင်းရဲ့နာမည်က လှမ်းလာခဲ့ပါ ပြည်မြန်မာ ဖြစ်ပါတယ်။
သီဆိုထားတဲ့ အဆိုတော်ကတော့ အေးချမ်းမေပါ။
အခုနောက်ပိုင်း ချောစုခင်ပြန်ဆိုထားတာ တွေ့ဖူးပါတယ်။
တီးလုံးလေးကလည်း ကောင်းသလို စာသားတွေကလည်း အဓိပ္ပါယ်ရှိတယ်။ နောက်ပြီး ဗီဒီယိုဖိုင်ကို ဖန်တီးပေးထားတဲ့သူကလည်း ဓာတ်ပုံလှလှလေးတွေချည်း ရွေးထားတာမို့ အရမ်းကောင်းတဲ့ သီချင်းလေးလို့ပဲ ပြောချင်ပါတယ်။
ဒီသီချင်းလေးက ၁၉၉၆ခုနှစ်၊ Visit Myanmar Year အတွက် ရည်ရွယ်စပ်ဆိုခဲ့တာဖြစ်မှာပါ။
အခုအချိန်လို ကျွန်တော်တို့နိုင်ငံမှာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မယ့် အရိပ်အယောင်တွေနဲ့ ဒီသီချင်းလေးက တအားလိုက်ဖက်လွန်းတာမို့ ကျွန်တော့်ဘလော့လေးမှာ တင်လိုက်တာပါ။
မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်းလို့ ကမ္ဘာမှာတင်စားကြတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ဆိုးကျိုးမရှိတာမဟုတ်ပေမယ့် ကောင်းကျိုးတွေက ပိုများတာမို့ မြန်မာနိုင်ငံမှာ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပါစေချင်မိပါတယ်။

Monday, February 6, 2012

မိုက်ကယ်တစ်ယောက် မိုးဇက်နှင့်တွေ့ဆုံခြင်း

သီချင်းလေးနာမည်ကတော့ Micheal Meets Mozart ပါတဲ့။
မိုးဇက်ဆိုတာကတော့ သူတို့ဆီက ရှေးတုန်းက ဂန္တ၀င်ဂီတဆရာကြီးတစ်ဆူပေါ့ဗျာ။
ဒီတော့ သီချင်းနာမည်က မိုက်ကယ်တစ်ယောက် မိုးဇက်နှင့်တွေ့ဆုံခြင်း ပဲဆိုပါတော့။
အင်မတန်ကောင်းပါတယ်၊ အပိုမပြောပါဘူး။
နားထောင်ကြည့်ပါ၊ သံစဉ်နဲ့စီးမြောခံစားပါ။
ကျွန်တော်ကတော့ နားထောင်နေရင်းကနေ Wowလို့ အော်ချင်အောင်ကို ခံစားရပါတယ်။
ဒါကြောင့်လဲ အနောက်နိုင်ငံသားတွေဟာ အဆိုမပါတဲ့ သံစဉ်သက်သက်ကို ကြေးကြီးပေးခံစားကြတာဖြစ်ပါလိမ့်မယ်။
ကဲ............ခံစားကြည့်လိုက်ပါဦးဗျာ။
ပထမဆုံး တေးဂီတကိုဖွင့် .....ပြီးရင်တော့ သံစဉ်ခေါ်ရာသာလိုက်သွားပေတော့ဗျိုး......

Saturday, February 4, 2012

မောင့်ချစ်သူ မြန်မာမလေး

သီချင်းလေးက အရမ်းကောင်းပါတယ်
မောင့်ချစ်သူကိုရီးယားမလေးမဟုတ်ပါဘူး မောင့်ချစ်သူမြန်မာမလေးပါ
မြန်မာမိန်းကလေးတိုင်း မြန်မာလိုဝတ်၊ မြန်မာလိုနေထိုင်ပြီး မြန်မာလိုကျက်သရေရှိရှိလှနိုင်ကြပါစေ
ဒါမှသာ မြန်မာယောက်ျားများကလည်း မြန်မာမိန်းကလေးတွေကို မြန်မာလို သေတစ်ပန်သက်တစ်ဆုံး သစ္စာရှိ၊ တန်ဖိုးထားကြမှာပေါ့ဗျာ