Saturday, April 14, 2012

နှစ်သစ်ချစ်ဦး

ဘာလိုလိုနဲ့ ဒီနေ့ သင်္ကြန်အကြတ်နေ့တောင် ရောက်ပြီနော်။
သင်္ကြန်လည်းရောက်ပြီ.. ရေလဲမဆော့ရ.. ပျော်လဲမပျော်ရ..။
ဘာလုပ်လို့ဘာကိုင်ရမှန်းလဲမသိ...။
အဲဒါနဲ့ပဲ brainless တင်ထားတဲ့ သင်္ကြန်သီချင်းလေးတွေ ဒေါင်း၊ ပြီးတော့ ပါးစပ်ကမြင်းလိုက်တာ ကိုယ်တိုင်ဆို သီချင်းတစ်ပုဒ်ရလာတယ်ဗျာ။
အဲဒါကို အင်တာနက်က ပုံလေးတွေဒေါင်းပြီး window movie maker နဲ့ လက်ကမြင်းလိုက်တာ ဟော... ဟောဒီ ဗီဒီယိုလေး ရလာတယ်ဗျို့..။
ကဲ..ကဲ.. အလည်ရောက်လာတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်း.. သင်္ကြန်အမှတ်တရလေး နားသောကဆင်သွားကြပါဦးဗျာ.. ဟီးးးးးးးး

8 comments:

  1. ကိုယ်တိုင်ဆိုတယ်လို့ ရေးထားလို့သာပဲ. ကြိုမပြောထားရင် တစ်ကယ်အဆိုတော်ဆိုထားတာလို့ထင်မိမှာ.. အဆိုတော်တော်ကောင်းတယ်နော် အားပေးနားဆင်သွားပါဧ။် :)

    ReplyDelete
    Replies
    1. အာဟား
      ချီးကျူးသွားလို့ ကျေးဇူးတင်တယ်စနိုးရေ
      ဘာစားမလဲ ဘာသောက်မလဲ ပြော ဟဲဟဲ :P

      Delete
  2. ကောင်းလှချည်လားကွဲ့....မသိရင် ဒီအတိုင်းတင်ထားတယ်ထင်မှာ...တကယ်ကောင်းတယ်....ဂွတ်...ကျွေးလို့ရတာလဲဟုတ်ဘဲနဲ့..နာ့ကျတော့ ကျွေးဘူး....ဟီးးး

    ReplyDelete
    Replies
    1. အဲ မင်းကိုကျွေးမယ်လို့ ပြောရင် တကယ်ကျွေးနေရမှာပေါ့ဟ
      မင်းက အားနာမယ့်ကောင်မဟုတ်ဘူး :P
      ချီးကျူးသွားလို့ ကျေးဇူးတင်ပါတယ် အဆောင်လာရင် ကော်ဖီဖျော်တိုက်မယ် ဟဲဟဲ

      Delete
  3. အဆိုတော်တောင် အဲလောက်မကောင်းဘူးထင်တယ်နော်... တအားကောင်းတယ်သိလား... ဘာစားမလဲလို့တော့ မမေးပါနဲ့ ... ရေခဲမုန့်ပဲစားမယ်... ခိခိ

    ReplyDelete
    Replies
    1. အမယ် သူက ပြောရတယ်ရှိသေး၊ ကျွန်တော်ကောင်းတယ်ဆိုရင် ဆုက ဆယ်ဆသာကောင်းတာပါဗျာ ရေခဲမုန့်စားချင်ရင်တော့ ပြန်လာရင် ၀ယ်ကျွေးပါမယ့် :)

      Delete
  4. ဟိုက်! ရေးထားတဲ့စာကို သေချာပြန်ဖတ်ရတယ် ကိုယ်တိုင်သီဆိုတာကို မကျိန်းသေလို့ လေ အဆွဲ၊အငင်ပိုင်ပိုင်နဲ့  သီဆိုထားတာ လန်းတယ်ဗျာ...

    ReplyDelete
    Replies
    1. မြှောက်ပြောသွားလို့ အဲလေ အားပေးသွားလို့ ကျေးဇူးအထူးတင်သွားပါတယ် လေလွင့်လူရေ :P

      Delete