Wednesday, January 2, 2013

ဘယ်သူလဲ၊ ဘာလဲ

















နေ့စဉ်ရက်ဆက်
နာရီတွေ လွတ်လွတ်ကျနေတာ
ပြက္ခဒိန်ပြောင်းသွားတာတောင်
စာရွက်လှန်သံ မကြားမိလိုက်ဘူး...

မိုးကောင်းကင်ကိုပဲ
အတွေးနဲ့ မော့မော့ကြည့်နေတော့
ပတ်ဝန်းကျင်ကြီးတောင် ပျောက်ဆုံး...

စာအုပ်ထဲမှာ ပါတိုင်းလည်း
မမှန်ဘူး ကိုယ့်လူ...

၂၀၁၂ ကုန်သွားလဲ
ကမ္ဘာမှ မပျက်သေးတာဘဲ...

နောက်ပြီး
ခင်ဗျားတွေ့နေရတဲ့ စာလုံးလေးတွေကလဲ
လူကို မျှင်းမျှင်းပြီး သတ်တတ်တယ်...

ဒီလိုနဲ့
သူများအကြောင်းတွေချည်း ပြောပါများလာတော့
ကိုယ့်ကိုကိုယ်တောင် မေ့ မေ့နေပြီ..

ဒါနဲ့ မေးပါရစေ...
ခင်ဗျားရော ဘယ်သူလဲ...

1 comment:

  1. နောက်ပြီး
    ခင်ဗျားတွေ့နေရတဲ့ စာလုံးလေးတွေကလဲ
    လူကို မျှင်းမျှင်းပြီး သတ်တတ်တယ်...

    ဒီလိုနဲ့
    သူများအကြောင်းတွေချည်း ပြောပါများလာတော့
    ကိုယ့်ကိုကိုယ်တောင် မေ့ မေ့နေပြီ..

    ဒါနဲ့ မေးပါရစေ...
    ခင်ဗျားရော ဘယ်သူလဲ...

    အဲဒိသုံးပုဒ်က ရင်ကို အထိဆုံးပဲ..
    အရမ်းကြိုက်တယ် အရိပ်ရေ....
    ဆက်လက်ထုဆစ်နိုင်ပါစေနော်...
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ မင်း...
    happy new year ပါဟယ်....:)

    ReplyDelete