Tuesday, September 4, 2012

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် - ဇော်ဝင်းထွဋ်

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်
တေးရေး - စောခူဆဲလ်
တေးဆို - ဇော်ဝင်းထွဋ်
သံစဉ်စပ်ထားတာ၊ စာသားအရေးအဖွဲ့၊ သီဆိုသူရဲ့ ပိုင်နိုင်မှု လုံးဝပြောစရာ မရှိတဲ့သီချင်း၊ ယနေ့အချိန်မှာလည်း ခေတ်ကို ထင်ဟပ်စေနိုင်သော သီချင်း၊ ကျွန်တော်ကြိုက်သောသီချင်း။
အဲ ... ဒါနဲ့ ကြုံလို့ ပြောလိုက်ဦးမယ်။
လူများတော့ မညီညွတ်ဘူးဆိုတာ ဖြစ်နိုင်သလားဗျ။
သီချင်းထဲမှာပဲ ကြည့်လိုက်ပါဦး။
တိုင်းရင်းသားလူမျိုးကြီးတွေကို ကိုယ်စားပြုထားတဲ့ (မိန်းကလေး) လူဆယ်ယောက်လောက်ဟာ ဘယ်ယိမ်းညာယိမ်း ယိမ်းကြတာကို ညီအောင် မယိမ်းနိုင်ကြဘူး။ မယိမ်းကြတာလားလဲ မသိဘူးလေ။
တိုင်းရင်းသား၁၃၅မျိုးလုံးသာ ကိုယ်စားပြုပြီး ၁၃၅ယောက်ဆိုရင်တော့ ဘယ်လိုများနေမလဲ စဉ်းစားသာ ကြည့်ကြပေတော့။
တစ်ခုခုကိုများ သွယ်ဝိုက်ဖော်ပြနေသလားထင်ရတယ်။
ဖြစ်သင့်ပါတယ်၊ ဖြစ်သင့်ပါတယ်။

No comments:

Post a Comment