Saturday, June 9, 2012

မဟာနွယ် (ရခိုင်တေးသီချင်း - ရခိုင်အမျိုးသားအဆိုတော် ၀င်းကိုခိုင်)


သီချင်းနာမည်က မဟာနွယ်ဖြစ်ပါတယ်။
သီဆိုသူကတော့ ရခိုင်အမျိုးသားအဆိုတော် ၀င်းကိုခိုင် ဖြစ်ပါတယ်။ သူ့အကြောင်းကိုတော့ ရခိုင်သူ၊ ရခိုင်သားတိုင်းသိကြမယ်ထင်ပါတယ်။ အကျယ်ချဲ့မပြောတော့ပါဘူး။
ကျွန်တော်အရင်က ပို့စ်တွေရေးပြီးတင်တိုင်း ပြင်ပ effect တွေ မပါအောင်၊ ကိုယ့်စိတ်ခံစားချက်တွေမပါအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးတင်ခဲ့တာပါ။
ခုတော့မရတော့ဘူး၊ ဒီသီချင်းလေးတင်လိုက်ပြီ၊ ဒီသီချင်းကို တင်ဖို့စဉ်းစားထားတာ လနဲ့ချီရှိပါပြီ။
ခုမှတင်ဖြစ်တော့တယ်။
ကျွန်တော် ကိုယ့်ကိုကိုယ် မြန်မာလို့ ခံယူထားတဲ့ မြန်မာတိုင်းကိုချစ်ပါတယ်။
ရခိုင်လဲ မြန်မာ၊ ဗမာလဲ မြန်မာ၊ ချင်းလဲမြန်မာ၊ ကချင်လဲ မြန်မာ မြန်မာတိုင်းရင်းသားတိုင်း မြန်မာပါပဲ။
ရခိုင်ကိုလဲ ချစ်တယ်၊ မွန်ကိုလဲ ချစ်တယ်၊ ရှမ်းကိုလဲ ချစ်တယ်၊ ကယား၊ကရင်တို့ကိုလဲ ချစ်တယ် ........မြန်မာလို့ခံယူထားတဲ့ မြန်မာတိုင်းကို ချစ်တယ်။
ခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကတော့ ရခိုင်ပြည်နယ်မှာ ရခိုင်သူ၊ ရခိုင်သားများနဲ့ အေးအတူ ပူအမျှ နေထိုင်ချင်မိနေတာပါပဲ။

No comments:

Post a Comment