Thursday, January 31, 2013

မင်းမြန်မာ တေးဆို အောင်ကိုလတ်



မင်း...မြန်မာ
တေးရေး၊တေးဆို - အောင်ကိုလတ်

(ဒီသီချင်းလေး အရမ်းကောင်းတယ်ဗျ... ကျွန်တော်တို့လို နိုင်ငံရပ်ခြားရောက်နေသူတွေအဖို့ အိမ်ကို လွမ်းတဲ့အခါ၊ အမိမြေကို လွမ်းတဲ့အခါ၊ သူစိမ်းအရပ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နားထောင်သင့်တဲ့ သီချင်းပေါ့ဗျာ။ ကျွန်တော့်အတွက်တော့ ဒီသီချင်းလေးက အားအင်တွေကို ပေးပါတယ်။ စာသားလေးတွေကို သေသေချာချာနှလုံးသွင်းပြီး နားထောင်ကြည့်ပါနော်...)

Lyrics

ပျော်ပျော်နေပါ အပျော်ဆုံး... ပြုံးပြုံးလေး အမြဲပျော်ပါ...
တော်အောင်နေပါ အတော်ဆုံးမို့ အမြဲတမ်း မင်း တော်ပါစေ...

ပျော်ပျော်နေပါ အပျော်ဆုံး... ပြုံးပြုံးလေး အမြဲပျော်ပါ...
တော်အောင်နေပါ အတော်ဆုံးမို့ အမြဲတမ်း မင်း တော်ပါစေ...
လှိုင်းကြမ်းလှေ... လွန့်လူးပါစေ... ဇွဲနဲ့လေ... ကြိုးစားကာနေ...

မှန်မှန်နေရင် မှန်မှန်မင်းမို့ အမြဲတမ်း မင်း မင်းမှန်ပါစေ...
ဘယ်သူဘယ်ဝါ ဘာတွေပြောပြော မင်းလမ်း မင်းမှန်ပါစေ...

ဘယ်နေရာမှာ ဘာကိုလုပ်လုပ် ရိုးသားခြင်း အရင်းခံလေ...

လူသာသေမယ် နာမည်လေးတော့ အမြဲတမ်း အသက်ရှင်ပါစေ...


ဘယ်နေရာမှာ ဘာကိုလုပ်လုပ် ရိုးသားခြင်း အရင်းခံလေ...

လူသာသေမယ် နာမည်လေးတော့ အမြဲတမ်း အသက်ရှင်ပါစေ...

စိတ်ဓာတ်တွေ... မပျက်ပြားစေ...
ကြိတ်မှတ်နေ... ထိပ်သို့ ရောက်ပါစေ...

ဘယ်နိုင်ငံမှာ ဘာကိုလုပ်လုပ် မြဲမြဲမှတ်ပါ မင်း မြန်မာ...

လူပုံအလယ်မှာ မြန်မာပဲလို့ ရဲရဲခေါင်းဖော်နေ...


5 comments:

  1. အောင်ကိုလတ်ရဲ့ သီချင်းလေးတွေနားမထောင်ရတာကြာပြီ ကလေးဘ၀တုန်းက ဦးလေးတွေ အဒေါ်တွေကတော့ သူ့သီချင်းကိုအမြဲနားထောင်လို့ကိုယ်ပါကြားခဲ့ရတယ်လေ...
    ဒီသီချင်းလေးက ခံစားလို့ကောင်းတယ်

    ReplyDelete
  2. အင်းးးးးးးးး
    မိုးနတ်တို့ကတော့ သူ့သီချင်းတွေကို မမှီဘူး မင်းရဲ့...
    ဒါပေမဲ့ ခုနားထောင်သွားရတာ သိပ်ကောင်းတယ်...
    မင်း ကိုကျေးဇူးပါပဲဟယ်....စာသားတွေအရမ်းပဲ
    အဓိပါယ်ရှိတယ်နော်...မင်း
    ခုမှပဲ မင်းကို တွေ့ရတော့တယ်...:)))
    ခင်တဲ့....မိုးနတ်

    ReplyDelete
  3. စာမေးပွဲနဲ့ နပန်းလုံးနေရလို့ပါ
    ခုတော့ ပြီးသွားပါပြီ စာတွေပြန်ရေးပါမယ် အိမ်တွေလိုက်လည်ပါဦးမယ်

    ReplyDelete
  4. ကြားဖူးတယ် ... ကြိုက်လည်း ကြိုက်တယ် ... သီချင်းလေးများရနိုင်မယ်ဆိုရင်တော့ လိုချင်မိတယ်ရှင် ... :)

    ReplyDelete
    Replies
    1. ကျွန်တော် ယူကျုကနေရှယ်ထားပါ မမိုးညချမ်းရေ
      အဲဒီကနေဒေါင်းလို့ မရနိုင်ဘူးလားခင်ဗျာ

      Delete