Friday, May 19, 2017

စီးကရက်တစ်လိပ်ရဲ့အတ္ထုပ္ပတ္တိ


စီးကရက်တစ်လိပ်ရဲ့အတ္ထုပ္ပတ္တိ

စီးကရက်တစ်လိပ်ရဲ့ပျက်သုဉ်းခြင်း
မီးခြစ်နဲ့စတယ်…

ဝေ့ပျံတက်သွားတဲ့ အငွေ့တွေထဲမှာ
ရင်ခုန်လှိုက်မောခြင်းတွေ
ကြည်နူးရွှင်ပျခြင်းတွေ
နွမ်းလျပင်ပန်းခြင်းတွေ
တမ်းတလွမ်းဆွတ်ခြင်းတွေပါတယ်…

ပြာရီရီအခိုးအလျံတွေနဲ့ပြည့်နေတဲ့
မျက်နှာကျက်ပေါ်မှာ
ကျောင်းတက်ခေါင်းလောင်းသံတွေ
ကဗျာရွတ်သံတွေ
စကားပြောသံတွေ
ပြီးတော့
ကြည်သာချိုအီတဲ့
စည်းချက်မမှန်တမှန်
နှလုံးသားသံစဉ်တွေလည်း ကြားရနိုင်တယ်…

မျက်စိကိုမှိတ်
ရှူထုတ်လိုက်တဲ့လေထဲမှာ
ဖွင့်မပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေ
သိုဝှက်ထားတဲ့ခံစားမှုတွေ
တောင်စဉ်ရေမရအတွေးတွေ
ဝင့်ထည်တောက်ပခဲ့မှုတွေနဲ့
ညှိုးနွမ်းနေတဲ့ နောင်တတရားတွေကိုလည်း
မြင်ရနိုင်မယ်…

စီးကရက်ရဲ့ မီးခိုးငွေ့တွေထဲမှာ
ဘာလိမ်လည်မှုမှမပါဘူး
လှည့်ဖျားခြင်းလည်းမရှိဘူး
ရှာတတ်မယ်ဆို
ဘ၀တစ်ခုရဲ့အဓိပ္ပါယ်တွေကို တွေ့ရတတ်တယ်…

စီးကရက်တစ်လိပ်မကုန်ဆုံးခင်
ကုတင်ပေါ်က ကျွန်တော့်ညလေးဟာ
ရသပေါင်းစုံပြည့်နှက်နေတဲ့ (ဘ၀မှတ်တမ်းတင်)
ရုပ်ရှင်ညလေးပဲပေါ့…

©
မင်းအရိပ်


Thursday, May 18, 2017

ကမ္ဘာပေါ်မှ ထူးဆန်းသော တိရိစ္ဆာန်ကလေးများ

အခုဖော်ပြမယ့်ပုံတွေထဲက တိရိစ္ဆာန်လေးတွေကို သင် မမြင်ဖူးဖို့ ၉၀ရာခိုင်နှုန်းရှိပါတယ်။
တစ်ပုံချင်းစီမှာ သူတို့နာမည်လေးတွေနဲ့ တွေ့ရတဲ့နေရာလေးတွေကို ရေးသားထားပါတယ်။
ကိုးကား: www.reddit.com

Image may contain: plant, nature and outdoor

The pink-eyed Caedicia
ပန်းရောင်မျက်လုံးဓားခုတ်ကောင်ဖြစ်ပါတယ်။
ပစိဖိတ်ကုန်းမြင့်ဒေသ၊ မူလာတောင်တန်းမှာ နေထိုင်ကျက်စားကြပါတယ်။

Image may contain: cat and bird

The Nendo tube-nosed fruit bat
ရုပ်ရှင်တွေထဲက မကောင်းဆိုးဝါးတစ်ကောင်ကောင်နဲ့ တူနေတဲ့ ဒီလင်းနို့ကို ၂၀၀၉ခုနှစ်တုန်းက ပါပူးဝါနယူးဂီနီမှာ 

တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Image may contain: outdoor

The Cherax Pulcher

အထက်ပါရောင်စုံဂဏန်းကိုတော့ မနှစ်ကမှ အင်ဒိုနီးရှားမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။


No automatic alt text available.

The Albino Chinese softshell turtle

တရုတ်အခွံပျော့လိပ်ဖြစ်ပါတယ်။


No automatic alt text available.

The pink handfish

ပန်းရောင်လက်ငါးမှာ လက်ပုံသဏ္ဍာန်ပါရှိတာကို တွေ့ရမှာဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်သွားမှာ စိုးရိမ်စရာအခြေအနေရောက်နေပါပြီ။


Image may contain: bird and food

Honduran white bats

အသီးအနှံတွေစားသုံးတဲ့ ချစ်စရာ ဟွန်ဒူးရပ်စ်အဖြူရောင်လင်းနို့လေးတွေဟာ ဗဟိုအမေရိကဒေသမှ ဖြစ်ပါတယ်။


Image may contain: water and outdoor

The Amazon river dolphin

အရေပြားရောဂါစွဲကပ်နေတယ်လို့ ထင်မိနိုင်တဲ့ အမေဇုန်မြစ်တွင်းလင်းပိုင်လေးပါ။
မြန်မာမှာလဲ ဧရာဝတီလင်းပိုင်ရှိတယ်လေ။ ဒါပေမယ့် အဖြူရောင်ပါ။


Image may contain: one or more people

The snub-nosed monkey

မြန်မာအခေါ် နှာခေါင်းလန်မျောက်တွေကို ၂၀၁၀ခုနှစ်ကမှ ကချင်ပြည်နယ်တွင်းမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး ရှားပါးတိရိစ္ဆာန်မျိုးတွေဖြစ်ပါတယ်။


Image may contain: night

The Grimpoteuthis (aka Dumbo Octopus)

ထူးဆန်းတဲ့အသွင်အပြင်ရှိတဲ့ ပင်လယ်ရေနက်ပိုင်းနေ ရေဘ၀ဲတစ်မျိုးဖြစ်ပါတယ်။


No automatic alt text available.

The Ili Pika

ချစ်စရာကောင်းတဲ့ ယုန်ငယ်လေးရဲ့ နှစ်နှစ်ဆယ်အတွင်း ပထမဆုံးရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံကို ဖော်ပြထားတာဖြစ်ပြီး သူ့ရဲ့ဇာတိကတော့ တရုတ်နိုင်ငံ၊ ထင်းရှန်းတောင်တန်းပါ။


Image may contain: plant and nature

The Pinocchio frog

နာမည်ကျော်ကာတွန်းဇာတ်ကောင် ပီနော့ချီယိုရဲ့ နှာခေါင်းနဲ့ ဆင်တူတယ်ဆိုပြီး ပီနော့ချီယိုဖားလို့ အမည်ပေးခံရတဲ့ ဖားကလေးပါ။


Image may contain: water and outdoor

The salp

ဆာ့ပ်ငါးတွေဟာ ပင်လယ်အတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စားသုံးပြီး အကြည်ရောင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါတယ်။ သူတို့ဟာ လေထဲက ကာဗွန်တွေကိုပါ လျှော့ချပေးနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေတဲ့ သတ္တ၀ါလေးတွေပါပဲ။


ကျေးဇူးတင်ပါတယ်။

မင်းအရိပ်