ငါဆိုတာ ခဏလောက် ခွာမယ်
ကြည့်စမ်းပါ
မှောင်နေတဲ့ အခန်းထဲ
ကိုယ့်ကြိုးတွေနဲ့ ကိုယ်ရှုပ်
ကလို့ မရလောက်တဲ့ ရုပ်သေးရုပ်တစ်ရုပ်ပေါ့
သည်အခန်းထဲမှာ
တစ်နေ့ထက်တစ်နေ့
လေထုက လေး လေး လာတယ်
ပြူတင်းပေါက် မဖွင့်တာ
ကြာပြီ
အမှောင်တွေရော၊ ဖုန်တွေရော
ပင့်ကူမျှင်တွေရော
စက္ကူစုတ်တွေရော
ဆေးလိပ်ပြာတွေရော
ဟင့်အင်း
မဖွင့်ပါနဲ့ဦး
ရှုပ်ပွနေတဲ့ ငါ့အခန်းကို
ငါ ပြန်ကြည့်နိုင်အောင်
အဆင်သင့်မဖြစ်သေးဘူး
တစ်နေ့နေ့တော့
တပ်ထားတဲ့ မျက်မှန် ချွတ်မယ်
ပြူတင်းပေါက်ဖွင့်မယ်
မျက်မှန်မပါဘဲ ကြည့်ရင်
လောကကြီး ဘာများ ပိုထူးခြားမလဲ
အခွင့်ရမယ်ဆိုရင်
မင်းတပ်ထားတဲ့ မျက်မှန်လဲ
ခဏတော့ ငါ စွပ်ကြည့်ချင်မိပါရဲ့
အနည်းဆုံး ပါဝါချင်း
ကိုက်မကိုက်တော့ သိရတာပေါ့
မျက်မှန်မပါဘဲ ကြည့်ရင်
ReplyDeleteလောကကြီး ဘာများ ပိုထူးခြားမလဲ
မ၈ျီးဆိုရင်ဘာမှမြင်တော့ဘူးဗျို့
ပါဝါများတယ် အိပ်ချိန်ပဲချွတ်ထားတယ်
ကဗျာထဲပြောတဲ့လေးနက်တဲ့အဓိပ္ပါယ်တွေ ကိုပေါ့ဆဆ တွေးလိုက်လို့စိတ်မဆိုးနဲ့နော်
ခင်တဲ့ sis jasmine
မင်းရေ....ကဗျာလေးက သိပ်ကောင်းတာပဲ...
ReplyDeleteမိုးနတ်သိပ်ကြိုက်တယ်....အဓိပ္ပါယ်က လေးနက်လှတာမို့
ရင်ဘတ်နဲ့ရင်းပြီး ခံစားခဲ့ကြောင်းပါ :)
ဆက်လက်ထုဆစ်နိုင်ပါစေ....
ခင်လျက်....မိုးနတ်
ဘောင်ခတ်ပြီးကြည့်တတ်တဲ့ အမြင်ကျဉ်းမြောင်းတဲ့သူတွေလည်းရှိသလို ..ကိုယ့်ပတ်ဝန်းကျင်သေးသေးလေးထဲကနေ ကမ္ဘာ့အပြင်ဘက်ထိမျှော်ကြည့် အဂါင်္ဂြိုလ်ထိတောင် အကြည့်တွေရောက်နေတဲ့သူတွေလည်း အများကြီးရှိပါတယ်..။ လူအမျိုးမျိုးပေါ့..။ အတ္တတွေလျှော့နိုင်ရင် အကောင်းဆုံး..။ btw ကျမဘလော့ဂ်မှာ မင်းအရိပ်ကွန်မန့်ရေးလိုက်ရင် spam ထဲရောက်ရောက်သွားတာဗျို့. ဘာလို့လဲမသိ..။ အဲဒီကိုခဏတိုင်းသွားစစ်ပြီး ပြန်ဆယ်ယူရတယ် :D
ReplyDeleteတိဘူးဂျ ကျွန်တော်က စပန်းဖြစ်နေလို့ များလား :P
Deleteကဗျာလေးအားပေးသွားပါတယ်..
ReplyDeleteမျက်မှန်ချွတ်ကြည့်တော့ ရှင်းရှင်းလေးမြင်ရတယ်။
ReplyDelete