Friday, May 25, 2012

သမိုင်းတစ်လျှောက်မြန်မာနိုင်ငံအလံများ-၂

ကျွန်တော် ဟောဒီဘလော့လေး စလုပ်ခါစက သမိုင်းအဆက်ဆက်မြန်မာနိုင်ငံအလံများ ဆိုပြီးတော့ ပို့စ်တစ်ခု တင်ဖူးပါသေးတယ်။
အခု ထပ်တွေ့တဲ့အလံတွေက အဲဒီတုန်းက အလံတွေထက် ပိုစုံတာမို့ ထပ်တင်လိုက်တာပါ။
သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကိုယ်စားပြုခဲ့တဲ့ အလံလေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ။
 အလံပေါင်းစုံ စုစည်းထားပုံ

 ၁၃၀၀-၁၅၀၀
(ကျွန်တော့်စိတ်ထင် မွန်-ဗမာ နှစ်၄၀စစ် ကာလများဆီတုန်းက အလံဖြစ်မယ်ထင်တယ်)
၁၇၅၂-၁၈၈၆
(အလောင်းမင်းတရားကြီးရဲ ကုန်းဘောင်ခေတ်အလံပါ)
၁၈၅၃-၁၈၇၆
(ကုန်းဘောင်ခေတ်ကပါပဲ၊ မင်းတုန်းမင်း လက်ထက် ဖြစ်မယ်ထင်တယ်)
၁၉၃၉-၁၉၄၈
(ဗြိတိသျှအင်ပါယာလက်အောက်တုန်းက မြန်မာအလံပါ)
၁၉၄၁-၁၉၄၂
(လွတ်လပ်ရေးမရခင် ဂျပန်လက်အောက်တုန်းက ထင်ပါရဲ့)
၁၉၄၃-၁၉၄၅
(ဒါလဲ လွတ်လပ်ရေးမရသေးခင်က မြန်မာနိုင်ငံအလံပါပဲ)
 ၁၉၄၈-၁၉၇၄
(ဒီအလံကတော့ လွတ်လပ်ရေး ရပြီးပြီးချင်း မြန်မာနိုင်ငံရဲ့ အလံပေါ့)
၁၉၇၄-၂၀၁၀
(ဒီအလံကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က စတင်သုံးစွဲခဲ့တာပါ)
၂၀၁၀-ယနေ့အထိ
(၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းပေးထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ အလံဖြစ်ပါတယ်)

(ပုံများအချက်အလက်မျာကို ၀ီကီပီဒီးယားမှ ရယူပါတယ်။ ကွင်းစကွင်းပိတ်ထဲက စာတွေကတော့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်သက်သက်သာ ဖြစ်ပါတယ်။ မှားရင်ပြင်ပေးခဲ့ကြပါခင်ဗျာ။)

4 comments:

  1. အလံလေးတွေ စုပြီးဖော်ပြပေးတာ ကောင်းတယ်

    ReplyDelete
  2. ကွန်မန့်ပေးပြီး အားပေးသွားလို့ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  3. ဗဟုသုတရတာပေါ့ ကျေးဇူးတင်ပါတယ်..

    ReplyDelete
  4. ငါတော့ မင်းတင်မှဘဲ အလံတွေ အစုံမြင်ဘူးတော့တယ်...မှား မမှား တော့ ဘယ်သိလိမ့်မလဲယောက်ဖရယ်....မင်းတင်မှ အလံတောင်စုံအောင်မြင်ဘူတာကို...:D

    ReplyDelete