Friday, September 14, 2012

ထပ်တူကျခြင်း














သံသယရဲ့ကောင်းကင်အောက်
ငါ....ရပ်မနေခဲ့ပါဘူး
မင်းပျော်နေတဲ့အခါ
ငါနေကောင်းတယ် ။ ။


ရွေးချယ်ခွင့်တရပ်အနေနဲ့
ငါ့ကိုမကြည့်ပါနဲ့
မင်းနှလုံးသားမှာမ၀င်ဆံ့မှတော့
ငါဖယ်ခွာပေးရမှာပေါ့ ။ ။


ပျော်လား ....?
ငါလည်းပျော်ပါတယ်
တကယ့်ကိုပျော်ပါတယ်
သိမ်ငယ်ခြင်းများဖြင့် ။ ။


အသုံးမ၀င်လောက်တဲ့
နှလုံးသားကတစ်ခု။
မင်းကိုမှမြတ်နိုးမိတဲ့
ငါ့ရဲ့စိတ်အာရုံ။
ဖွင်.ဟသွန်အံချထားတဲ့
ကဗျာအပိုင်းအစတွေများစွာ။
မင်းမမြင်တတ်ခဲ့ရင်လည်း
ငါ.....ကျေနပ်ပေးပါတယ် ။ ။




(သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာဖြစ်ပါတယ်)

5 comments:

  1. ပျော်လား ....?
    ငါလည်းပျော်ပါတယ်
    တကယ့်ကိုပျော်ပါတယ်
    သိမ်ငယ်ခြင်းများဖြင့် ။ ။အဲ့စာသားလေးကြိုက်တယ်။။

    ReplyDelete
  2. အသုံးမ၀င်လောက်တဲ့
    နှလုံးသားကတစ်ခု။
    မင်းကိုမှမြတ်နိုးမိတဲ့
    ငါ့ရဲ့စိတ်အာရုံ။
    ဖွင်.ဟသွန်အံချထားတဲ့
    ကဗျာအပိုင်းအစတွေများစွာ။
    မင်းမမြင်တတ်ခဲ့ရင်လည်း
    ငါ.....ကျေနပ်ပေးပါတယ် ။ ။
    ကဗျာလေးကောင်းတယ်။ သူငယ်ချင်းကိုလဲပြောလိုက်ပါ ကဗျာတွေဆက်ရေးပေးပါအုံးလို့

    ReplyDelete
  3. သံသယရဲ့ကောင်းကင်အောက်
    ငါ....ရပ်မနေခဲ့ပါဘူး
    မင်းပျော်နေတဲ့အခါ
    ငါနေကောင်းတယ် ။ ။ ရေးထားတာအရမ်းကောင်းတယ် နောက်လည်းများများရေးပါလို့

    ReplyDelete
  4. ဟုတ် အားပေးသွားကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  5. မင်းနှလုံးသားမှာ မ၀င်ဆံ့မှတော့ ငါ ဖယ်ပေးပါမယ်။ ကဗျာအပိုင်းအစတွေနဲ့ကျေနပ်ပေးနေတယ်တဲ့နော် သက်ဆိုင်သူရေ

    ReplyDelete