Friday, October 5, 2012

လက်ကျန်အလွမ်း













ထားသွားတဲ့သူကို
လွမ်းရတာလောက်
ခါးတာ မရှိဘူး...

ချစ်ခဲ့မိသူကို
သတိရနေရတာကလည်း
ချိုနေတတ်ပြန်တယ်...

နွေရာသီမှာ
မိုးမိပြီး ဖျားသလိုမျိုး
နှစ်အကြာမှာ
လွမ်းဖျားလွမ်းနာကျနေတယ်...

ခွဲခွာခြင်းအတိတ်က ခြောက်လှန့်လို့
ကန္တာရညလယ်တွေထဲ
လန့်လန့်နိုးတတ်နေပြီ...

ခက်တယ်...
ည ည ဆို
လက်ကျန်အလွမ်းတွေ မော့သောက်ရင်း
အခန်းထဲလဲ
ခံစားချက်တွေ ၀ုန်းဒိုင်းကျဲလို့...

ကျေးဇူးပြု၍ ငါ့အခန်းထဲ ၀င်မလာပါနဲ့...
ပြည့်နှက်နေသော ငါ၏ အလွမ်းများဖြင့်
သင်တို့အား
မနှိပ်စက်လို....။

5 comments:

  1. ထားသွားတဲ့ သူကိုလွမ်းနေတာက
    တကယ့် အချစ်လို့ထင်တယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. နွေရာသီမှာ
    မိုးမိပြီး ဖျားသလိုမျိုး
    နှစ်အကြာမှာ
    လွမ်းဖျားလွမ်းနာကျနေတယ်...

    ReplyDelete
  3. ထားသွားတဲ့သူကို
    လွမ်းရတာလောက်
    ခါးတာ မရှိဘူး...

    ချစ်ခဲ့မိသူကို
    သတိရနေရတာကလည်း
    ချိုနေတတ်ပြန်တယ်...
    ချစ်ခဲ့မိသူကိုသတိရနေတာ
    တကယ်ပဲချိုတယ်လို့ခံစားမိတယ်
    ကဗျာလေးအားပေးသွားပါတယ်

    ReplyDelete
  4. နွေရာသီမှာ
    မိုးမိပြီး ဖျားသလိုမျိုး
    နှစ်အကြာမှာ
    လွမ်းဖျားလွမ်းနာကျနေတယ်...

    ဒီအပုဒ်လေးမိုက်တယ်..တစ်ပုဒ်လုံးက စာသားလေးတွလဲကြိုက်ပါတယ်..
    ခံစားသွားတယ်နော်..မင်းအရိပ်....
    ခင်မင်နေတဲ့...မိုးနတ်

    ReplyDelete
  5. နှစ်ကြာလာတော့လည်း လွမ်းဖျားလွမ်းနာကျလာပြီပေါ့ :D

    ReplyDelete