Monday, August 13, 2012

လုံးဝသတိမရဘူး

မနေ့က
အဲဒီပန်းခြံလေးကို
တစ်ယောက်တည်း
ငါ ရောက်သွားတယ်...

ဟောဒီသစ်ရွက်တွေ ကြွေနေတဲ့ လမ်းကလေးပေါ့
တို့နှစ်ယောက် လက်တွဲပြီး လျှောက်ခဲ့ကြဖူးတယ်နော်...

ဟောဟိုပန်းခင်းထဲက ပန်းကလေးတွေ
ဒီရောက်တိုင်း
မင်းကို ငါ တစ်ပွင့်တစ်ပွင့် ခိုးခူးပေးဖူးတယ်နော်...

ဒီရေကန်ကြီးလေ
မင်းနဲ့ငါ ဘယ်သူ အဝေးပိုရောက်သလဲ
ခဲလုံးတွေ ပစ်ပြီး ပြိုင်ခဲ့ကြတာဖူးပေါ့...

ဟောဟိုက မြက်ခင်းစိမ်းကလေး
တို့နှစ်ယောက် အတူထိုင်ရင်း
မင်းသိပ်ကြိုက်တဲ့ ဇီးထုပ်ကို တူတူစားခဲ့ကြတယ်လေ...

ဟောဒီထိုင်ခုံကလေးပေါ့
ထီးတစ်ချောင်းကို အကာအကွယ်ပြုပြီး
တို့တွေ ကြည်နူးခဲ့ကြဖူးတယ်...

ဟောဟိုက သစ်ပင်ကြီးလေ
အသည်းနှလုံးပုံလေးနှစ်ခု နက်နက်ထွင်းပြီး
တို့နှစ်ယောက်ရဲ့အချစ်ကို
သက်သေပြုခဲ့ကြတယ်နော်...

ရှိသေးလားမသိ..

အော်... ဟုတ်သားပဲ
အဲဒီအပင်ကြီးအောက်မှာပဲ
မင်း နောက်တစ်ယောက်နဲ့ ပျော်နေတာ
ငါ မျက်ဝါးထင်ထင် တွေ့ခဲ့တာလေ...

ဟား...ဟား...
ငါလဲ မာနနဲ့လူပါ...
မင်းကို ငါ ဘယ်တုန်းကမှ 
လွမ်းမနေခဲ့ပါဘူး...
သတိရမနေခဲ့ပါဘူး...
သတိရမနေခဲ့ဘူး...

အေး...
ဒီနေ့လည်း
မင်းကို သတိမရတဲ့အကြောင်း
ငါ ဒီကဗျာလေးကို ရေးတယ်...

2 comments:

  1. "" ဒီရေကန်ကြီးလေ
    မင်းနဲ့ငါ ဘယ်သူ အဝေးပိုရောက်သလဲ
    ခဲလုံးတွေ ပစ်ပြီး ပြိုင်ခဲ့ကြတာဖူးပေါ့..." သတိရမရတဲ့အကြောင်း ကဗျာလေးလာဖတ်ရင်း ရေကန်ကြီးတစ်ခုကို သတိရသွားတယ်

    ReplyDelete
  2. ကဗျာလေးအားပေးရင်း တကယ်သတိယ မရ ကို စဉ်းစားသွားပါတယ် ။

    ReplyDelete