Wednesday, July 26, 2017

ခေါင်းစဉ်မဲ့

ခေါင်းစဉ်မဲ့

ဘ၀ဟာ
ကြက်ခြေတွေပြည့်နေတဲ့
သင်္ချာစာအုပ်လို
မှားလိုက် ပြင်လိုက်
ပြန်မှားလိုက်
စာအုပ်သာ နွမ်းကြေသွားတယ်
အမှန်ရောက်ဖို့ ခဲယဉ်းတုန်း
ဖောင်ဒေးရှင်းမခိုင်တဲ့ မျှော်စင်တစ်ခုလို
ယိုင်တိုင်တိုင်နဲ့
တစ်စုံတစ်ရာကို စိတ်ကူးယဉ်မျှော်လင့်လို့
အစမကောင်းတဲ့အခါ
နှောင်းတဲ့အခါ ထုထောင်းခံရ
ကိုယ်ကတော့
သင်ခန်းစာတွေထက်
နောင်တတွေသာ ပွေ့ဖက်မိနေတယ်…
©
မင်းအရိပ်

No comments:

Post a Comment