Thursday, July 11, 2013

မင်း၊ ငါ၊ သူ


ဖန်တစ်ရာတေနေတဲ့ စကားတွေချည်း ကြားနေရတာ
ငြီးငွေ့လွန်းလှပြီ
လူတွေရဲ့အဝေးကို ပြေးထွက်သွားချင်မိရဲ့
စကားလုံးတွေက ဓားသွားတွေထက် ထက်တယ်
လှိုင်းလုံးတွေထက် အားကြီးတယ်
တပါးသူကို တိုက်ခိုက်ရင်း
ကိုယ့်ကိုကိုယ် ကာကွယ်နေကြ
တပါးသူကို နှိမ့်ချရင်း
ကိုယ့်ကိုကိုယ် မြှင့်တင်နေကြ
တပါးသူကို စွပ်စွဲရင်း
ကိုယ့်ကိုကိုယ် ဟန်ဆောင်နေကြ
မှန်ရှေ့မှာ ရပ်နေကြရင်း
ပုံရိပ်ယောင်တွေကိုပဲ အမှန်ထင်နေကြ
ငါရောက်နေတာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ
ငါရောက်နေတာ အပြေးပြိုင်ပွဲတစ်ခုမှာ
ငါရောက်နေတာ တောရိုင်းကောင်တွေကြားထဲမှာ
မှန်ထဲ ကြည့်မိတဲ့အခါ
ငါ့ကိုယ်ငါတော့ လူလို့ မြင်ရတာပါပဲ
တောဥပဒေသရှိတယ်
အားကြီးသူသာ အနိုင်ရစတမ်း
အဲဒါဟာလဲ
လောကရဲ့ ဥပဒေတစ်ခုပဲ ဖြစ်တယ်

1 comment:

  1. ကိုမင်းအရိပ်စာသားတွေထဲမှာ အမှန်တရားတွေကိုတွေ့ရတယ်။ ဟုတ်တာပေါ့။ စကားလုံးတွေကဓားသွားတွေထက်ထက်တယ်ဆိုတာ။

    ReplyDelete