Wednesday, June 12, 2013

ခေတ်လား လူလား


မင်းတို့ရဲ့ ခေတ်ကို အမီမလိုက်နိုင်တာ တောင်းပန်ပါရဲ့
မင်းတို့က
သိက္ခာထက် ရမ္မက်ကို ပိုတန်ဖိုးထားတယ်
ကိုယ်ကျင့်တရားထက် ရလိုမှုကို ရှေ့တန်းတင်တယ်
ငါးပါးသီလထက် ဆန္ဒကို ဦးစားပေးတယ်
ခေတ်နဲ့အမီ ရှေ့ကိုတိုးရင်း
ကျပျောက်ခဲ့ကြတာ ဓလေ့ထုံးတမ်းတွေလေ
ထိန်းသိမ်းမှုအစဉ်အလာတွေဆိုတာ ဒိတ်အောက်သွားတတ်လား
ပြတိုက်မှာပဲ ထားရတော့မှာလား
မင်းတို့ ပျော်ပျော်ပါးပါးကစားနေကြတဲ့ ကစားပွဲတွေကို
ငါက မျက်စိနောက်တယ်
တရားသဘောနဲ့ကြည့်ရင် 
ဘယ်အရာမှ မက်စရာမရှိတာတော့ ဟုတ်တယ်
ခန္ဓာဆိုတာကြီးကလဲ အရေပြားတစ်ထောက်စာပဲပေါ့လေ
ဟက်...ဟက်...
သူများလို မိုးခါးရေမသောက်တတ်မှတော့
ငါပဲ နေခဲ့လိုက်တော့မယ်
လူပီသချင်ရင်တော့
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့နဲ့ တပါးသူကို တန်ဖိုးထားတတ်ဖို့လဲ လိုသေးတယ်...

2 comments:

  1. ခေတ်နဲ့အမီ ရှေ့ကိုတိုးရင်း
    ကျပျောက်ခဲ့ကြတာ ဓလေ့ထုံးတမ်းတွေလေ
    ထိန်းသိမ်းမှုအစဉ်အလာတွေဆိုတာ ဒိတ်အောက်သွားတတ်လား
    ပြတိုက်မှာပဲ ထားရတော့မှာလား....:)))

    အမှန်တော့ တပုဒ်လုံးကို ကြိုက်တာ...
    မင်းက ကဗျာရေးတာ တော်သားပဲ..ဘာတဲ့

    လူပီသချင်ရင်တော့
    ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့နဲ့ တပါးသူကို တန်ဖိုးထားတတ်ဖို့လဲ လိုသေးတယ်...မိုက်စ် :)
    အရမ်းကောင်းတယ် မင်း
    မတွေ့ရတာ တော်တော်ကို ကြာနေပြီနော်
    အရမ်းသတိရပါတယ် မင်း ကို
    ခင်တဲ့...မိုးနတ်

    ReplyDelete
    Replies
    1. သတိရလျက်ပါ မိုးနတ်ရေ
      စာမေးပွဲတွေဖြေနေရလို့ လာမလည်ဖြစ်သေးတာ ခွင့်လွှတ်နော်
      နောက်တော့ လာလည်ပါဦးမယ်
      ကျေးဇူးပါ

      Delete