Monday, October 29, 2012

မင်းအတွက် ချစ်ခြင်းရဲ့ ငါ့အနုပညာ

















ကောင်မလေးရေ...
ငါ ဘာမှ မချမ်းသာပါဘူး
ယုတ်စွအဆုံး
ကဗျာလေးတစ်ပုဒ်ရေးဖို့တောင်
ကာရန်တွေ မချမ်းသာဘူး...

ငါ့မှာရှိတာဆိုလို့
ဟောဒီဘောပင်လေးရယ်
ဟောဒီစာရွက်အပိုင်းအစတွေရယ်
ဟောဒီစကားလုံးတချို့ရယ်
နောက်ပြီး
ဟောဒီရင်ဘတ်ထဲက ခံစားချက်တွေရယ်
ဒါပဲရှိပါတယ်...

အချစ်ဆိုတာကို
စာလုံးပေါင်းကြည့်ဖို့ကြိုးစားရင်း
ငါ ဖန်တီးမိတဲ့အရာတွေဟာ
မင်းအတွက်ဖြစ်လာတယ်...

စာရွက်အပိုင်းအစတွေပေါ်
ရေးခြစ်နေမိတဲ့
ငါ့အတွက် အချစ်ဆိုတဲ့အရာဟာ
အရောင်မပါတဲ့ ကလေးပန်းချီ ဖြစ်ချင်ဖြစ်မယ်
ကာရန်မသိတဲ့ ကဗျာ ဖြစ်ချင်ဖြစ်မယ်
သံစဉ်မရှိတဲ့ သီချင်တစ်ပုဒ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်...

ဘာပဲဖြစ်ဖြစ်ပေါ့လေ...
ခံစားချက်တွေကို ပုံဖော်ရင်း
ဖြစ်ပေါ်လာတဲ့ အရာတွေဟာ
မပြီးပြည့်စုံနိုင်တာ သေချာပေမယ့်
မင်းတစ်ယောက်ပဲ ခံစားလို့တတ်ခဲ့ရင်တောင်
ငါ့အတွက်လုံလောက်ပြီ...

4 comments:

  1. မှန်လိုက်လေ။ဘယ်သူမှခံစားမပေးနိုင်တောင်သူတစ်ယောက်တည်းခံစားပေးရင် အရာရာလုံလောက်တယ်။

    ReplyDelete
  2. ကောင်းလိုက်တာ... ကောင်မလေးသာ ဖတ်မိရင် တကယ်ကြိုက်သွားမှာ

    ReplyDelete
  3. မင်းအရိပ်ရေ
    စစဖတ်ချင်ပါပဲ သနားသွားတယ်
    ကဗျာရေးဖို့ ကာရန်တွေ မချမ်းသာဘူးဆိုလို့
    ရေးချက်တွေကောင်းလှချေလားရှင်----
    သီတင်းကျွတ်ပွဲတော် ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  4. အချစ်ဆိုတာကို
    စာလုံးပေါင်းကြည့်ဖို့ကြိုးစားရင်း
    ငါ ဖန်တီးမိတဲ့အရာတွေဟာ
    မင်းအတွက်ဖြစ်လာတယ်...
    ကဗျာလေးခံစားသွားပါတယ်

    ReplyDelete