Wednesday, April 26, 2017

၂၀၁၇ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ



၂၀၁၇ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေတဲ့ နံပါတ်တစ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုပဲဖြစ်ပြီး စုစုပေါင်း တန်ဖိုး (၁၈)ထရီလီယံဒေါ်လာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့စီးပွားရေးအင်အားစုစုပေါင်းရဲ့ (၂၄.၃၂)ရာခိုင်နှုန်းရှိပါတယ်။
ဒုတိယနေရာက နိုင်ငံကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး (၁၁)ထရီလီယံဒေါ်လာတန်ဖိုးနဲ့ ကမ္ဘာ့စီးပွားရေး အင်အားစုစုပေါင်းရဲ့ (၁၄.၈၄)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
ဂျပန်နိုင်ငံကတော့ စီးပွားရေးအင်အားအကြီးဆုံးတတိယနေရာကို ရယူထားပြီး တန်ဖိုး(၄.၄)ထရီလီယံဒေါ်လာနဲ့ ကမ္ဘာ့စီးပွားရေးအင်အားစုစုပေါင်းရဲ့ (၆)ရာခိုင်နှုန်းကို ရယူထားနိုင်ပါတယ်။
စတုတ္ထနေရာမှာ ဂျာမနီနိုင်ငံက (၃.၃)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ ပဉ္စမနေရာမှာ ယူနိုက်တက်ကင်းဒမ်းမှ (၂.၉)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ ဆဌမနေရာမှာ ပြင်သစ်နိုင်ငံမှ (၂.၄)ထရီလီယံဒေါ်လာဖြင့်လည်း ကောင်း၊ သတ္တမနေရာမှာ အိန္ဒိယနိုင်ငံမှ (၂)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ အဌမနေရာမှာ အီတလီနိုင်ငံမှ (၁.၈)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ န၀မနေရာမှာ ဘရာဇီးနိုင်ငံမှ (၁.၈)ထရီလီယံဒေါ်လာဖြင့်လည်း ကောင်း၊ ဒဿမနေရာမှာ ကနေဒါနိုင်ငံမှ (၁.၅)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း အသီးသီးရပ်တည်လျက် ရှိ ကြပါတယ်။
အထက်ဖော်ပြပါနိုင်ငံတွေအပြင် ကမ္ဘာ့စီးပွားရေးထိပ်သီး(၄၁)နိုင်ငံထဲ ပါဝင်တဲ့ အခြားနိုင်ငံတွေကတော့ တောင် ကိုရီးယား၊ သြစတေးလျ၊ ရုရှား၊ စပိန်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ တူရကီ၊ ဆွစ်ဇာလန်၊ ဆော်ဒီအာရေး ဗီးယား၊ အာဂျင်တီးနား၊ ဆွီဒင်၊ နိုက်ဂျီးရီးယား၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အီရန်၊ ထိုင်း၊ နော်ဝေ၊ သြစတီးယား၊ ယူအေ အီး၊ ဗင်နီဇွဲလား၊ အီဂျစ်၊ တောင်အာဖရိက၊ ဟောင်ကောင်၊ အစ္စရေး၊ မလေးရှား၊ ဒိန်းမတ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကိုလံဘီယာနှင့် အိုင်ယာလန်တို့ ဖြစ်ကြပါတယ်။
စီးပွားရေးထိပ်သီးနိုင်ငံ(၄၀)ထဲမှာ အရှေ့တောင်အာရှမှ နိုင်ငံ(၅)နိုင်ငံပါဝင်နေပြီး မြန်မာနိုင်ငံကတော့ ၂၀၁၆ခုနှစ် အတွက် ခန့်မှန်းအဆင့် ၇၃နေရာမှာ ရှိနေပါတယ်။

ကိုးကား

©

မင်းအရိပ်


No comments:

Post a Comment