Sunday, March 23, 2014

တစောင်းကြီးဖြစ်နေတဲ့ e-book (pdf) ကို ဘယ်လို ပြင်မလဲ



တစ်ခါတစ်ရံမှာ တချို့ e-book (pdf) တွေဟာ ပုံမှာ ဖော်ပြထားသလို တစောင်းကြီး ဖြစ်နေတတ်ပါတယ်။
ဒါမှမဟုတ် ကိုယ်တိုင်ပဲ pdfတစ်ခု အစမှ အဆုံး ဖန်တီးပြီးတဲ့နောက် readerတစ်ခုနဲ့ ဖတ်ကြည့်မှ တစောင်းကြီးဖြစ်နေတာကို တွေ့ရတာ ရှိတတ်ပါတယ်။
အဲဒါမျိုး ငါ ဘယ်လိုများ လုပ်ရပါ့မလဲ။ အစက အဆုံး ပြန်ပြင်ရတော့မှာပဲ ဆိုပြီး စိတ်မညစ်ပါနဲ့။
ပြင်နည်းက လွယ်လွယ်လေးပါ။ ကျွန်တော် တင်ပေးထားဖူးတဲ့ adobe acrobat နဲ့ ပြင်လို့ရပါတယ်။
၁။ ကိုယ်ပြင်မယ့် pdfကို အောက်ပါ နည်းနှစ်နည်းထဲက တစ်နည်းနည်းနဲ့ ဖွင့်လိုက်ပါ။


သို့မဟုတ်


၂။ ဖွင့်ပြီးသွားတဲ့အခါ ပုံမှာ ပြထားတဲ့အတိုင်း document -> rotate pages ကို သွားပါ။


၃။ အောက်ပါ boxလေး တက်လာပါလိမ့်မယ်။ ဖော်ပြထားတဲ့အတိုင်း clockwise 90 စသဖြင့် ကိုယ်အဆင်ပြေသလို ပြောင်းပါ။ အနီကွင်း ၀ိုင်းပြထားတဲ့နေရာမှာ ကိုယ် ပြင်မယ့် စာမျက်နှာတွေ ထည့်လို့ရပါတယ်။


၎။ ပြီးရင် ok နှိပ်လိုက်တဲ့အခါ အောက်ပါအတိုင်း ပေါ်ပါလိမ့်မယ်။ yes ကို နှိပ်လိုက်ပါ။



ဒါဆိုရင် ခုနက တစောင်းကြီးဖြစ်နေတဲ့ pdfဟာ ကိုယ် လိုချင်တဲ့အတိုင်း ချိန်ညှိပြီး ဖြစ်သွားပါပြီ။


(ကျွန်တော့်ဘလော့မှာ စာအသစ်တွေ မရေးနိုင်ခင်စပ်ကြား အဆက်ပြတ်မသွားအောင် ITBrother လို့ အမည်ရတဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်စု ကြိုးစားတည်ဆောက်နေတဲ့ ITနည်းပညာ မျှဝေရာ ဘလော့မှာ တင်ပြီးသားပို့စ်ကို ပြန်share လုပ်လိုက်တာပါ။)
အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်

No comments:

Post a Comment