Monday, January 23, 2012

သူမသည်...



သူမသည်
နေ့အခါလင်းသော
ရှင်နေမင်းမဟုတ်...။
သို့သော်...
ကျွန်တော့်ဘ၀အတွက်
လင်းရောင်ခြည်ဖြစ်၏...။

သူမသည်
ညအခါသာသော
 လသော်တာမဟုတ်...။
သို့သော်...
ကျွန်တော့်ညများ၏
မီးအိမ်ရှင်ဖြစ်၏...။

သူမသည်
သဲကန္တာရထဲမှ
 အိုအေစစ်မဟုတ်...။
သို့သော်...
ကျွန်တော့်ဘ၀ခရီးလမ်းကို
အေးချမ်းစေ၏...။

သူမသည်
အရာရာပြည့်စုံစေသော
တန်ခိုးရှင်မဟုတ်...။
သို့သော်...
ကျွန်တော့်အတွက်မူ
တစ်ဘ၀လုံးဖြစ်တည်ရာဖြစ်၏...။

2 comments:

  1. တာကော ကတော့လုပ်ပြိးဟေ့ ဒိထက်ပိုပြိးအလန်းလေးတွေလုပ်ပေးပါအုံး ညီလာလှည်တယ်နော် အကိုကဘာနဲ့ ဧည့်ခန်းမှာလဲ အခန်းလေးကတော့ချစ်စရာလေး

    ReplyDelete
  2. I glad to see your blog ! Let share our feeling to world !

    ReplyDelete