ကြားထဲမှာ အဆက်ပြတ်သွားလို့ တောင်းပန်ပါတယ်။ စာမေးပွဲနဲ့ ပရောဂျက်ကိစ္စတွေ ရှုပ်နေလို့ပါခင်ဗျာ။
(ဃ) quantisation ပြုလုပ်ခြင်း
(င) code များ အဖြစ် ပြောင်းလဲသတ်မှတ်ကာ ကာလာများ ပြန်လည်ဖြည့်သွင်းခြင်း
(ဃ) quantisation ပြုလုပ်ခြင်း
ကျွန်တော်တို့အနေနဲ့
အဆင့်(ဂ)ကို ပြုလုပ်ပြီးချိန်မှာ ၈x၈ matirx တစ်ခုနဲ့ ပါဝင်ကြသော coefficients ၆၄ခုကို
ရရှိပြီဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ quantisation ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
Quantisation
ပြုလုပ်ခြင်းဖြင့် ဘယ်dataဟာ အရေးကြီးပြီး
ဘယ်dataကတော့ အရေးမကြီးဘူးဆိုတာ သိနိုင်ပါတယ်။ သိပြီးနောက်မှာ userအနေနဲ့ ကိုယ်လိုချင်တဲ့
qualityအလိုက် file sizeကို လျှော့ချသွားနိုင်ပြီဖြစ်ပါတယ်။ JPEG compression မှာ သည်အဆင့်ဟာ
ဖိုင်ပမာဏကို အလျှော့ချပေးနိုင်ဆုံး အဆင့်လဲ ဖြစ်ပါတယ်။
သည်လိုလျှော့ချနိုင်ဖို့အတွက်
quantisation matrix တွေဟာ သူ့qualityအလိုက် သီးသန့်တည်ရှိကြပါတယ်။ သူသည်လည်းပဲ ၈x၈
matrix ပဲ ဖြစ်ပါတယ်။ quality အတွက်ဖြစ်တဲ့အတွက် matrixနာမည်ကို Q လို့ ပေးထားပါတယ်။
Q1 သည် ကွာလတီအနိမ့်ဆုံး လျှော့ချပေးမှာဖြစ်ပြီး Q100ကတော့ မူရင်းတန်ဖိုးအတိုင်းပဲ
ဖြစ်သွားမှာပါ။ အောက်မှာတော့ နမူနာအနေနဲ့ အချို့သော quality matrix တွေကို ဖော်ပြပေးထားပါတယ်။
ဖိုင်ပမာဏကို
လျှော့ချတဲ့နေရာမှာ အောက်ပါ အချက်နှစ်ချက်ကို အသုံးပြုပြီး လျှော့ချသွားတာပါ။
(က)
ဖိုင်ပမာဏလျှော့ချသော်လည်း မူရင်းပုံမှာ ပါဝင်နှုန်းမြင့်မားတဲ့ coefficientsတွေကို
ဆက်လက်ထိန်းသိမ်းသွားခြင်း၊
(ခ)
coefficient တွေရဲ့ မူရင်းတန်ဖိုးဟာ သုညနားကို ကပ်နေရင်တော့ တန်ဖိုးကို လုံးဝ သုညအဖြစ်
သတ်မှတ်လိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဖိုင်ပမာဏလျှော့ချတဲ့
ပုံသေနည်းကတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
သဘောတရားကတော့
တတိယအဆင့်မှာ ကျွန်တော်တို့ ရရှိထားတဲ့ DCT matrix ကိုတည်ပြီး ကိုယ်လိုချင်တဲ့ ကွာလတီအတိုင်း
ပုံသေဖြစ်တဲ့ quality matrix နဲ့ matrix စားနည်းအတိုင်း စားလိုက်တာဖြစ်ပါတယ်။
ဥပမာအနေနဲ့
ကျွန်တော်တို့ တတိယအဆင့်မှာ ရရှိထားတဲ့ ၈x၈ matrix ကို Q50 matrix နဲ့
quantisation ပြုလုပ်တဲ့အခါ အောက်ပါ matrix ကို ရရှိမှာပါ။
အထက်ဖော်ပြပါ
(က)နဲ့ (ခ) အချက်နှစ်ချက်အတိုင်းပဲ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေကို ဒဿမကိန်းတွေဖြုတ်ချပြီး
တန်ဖိုးများအတိုင်း ထိန်းသိမ်းယူဆောင်ပါတယ်။ သုညနားနီးတဲ့ ကိန်းဂဏန်းတွေကိုတော့ လုံးလုံး
သုညအဖြစ် လျှော့ချလိုက်တာကို တွေ့ရမှာပါ။
ဒီနေရာမှာတော့
User အသုံးပြုချင်တဲ့ quality matrix အလိုက် Q10 ဆိုရင်တော့ သုညကိန်းတွေ အများကြီးတွေ့ရမှာဖြစ်ပြီး
Q90ဆိုရင်တော့ သုညကိန်းတွေကို အနည်းငယ်ပဲ တွေ့ရလိမ့်မယ်ဖြစ်ပါတယ်။
ဒါဆိုရင်တော့
အဆင့်(၄)ကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားလို့ အဆင့်၅ codeများအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ပြီဖြစ်ပါတယ်။
(င) code များ အဖြစ် ပြောင်းလဲသတ်မှတ်ကာ ကာလာများ ပြန်လည်ဖြည့်သွင်းခြင်း
အဆင့်(၄)မှ
ရရှိလာတဲ့ coefficientsတွေကို ကျွန်တော်တို့အနေနဲ့ ကွန်ပြူတာမှ နားလည်သော binary codeများ
အဖြစ် coding လုပ်ရပါမယ်။
JPEG
compression လုပ်တဲ့နေရာမှာ များသောအားဖြင့်တော့ Huffman encode နည်းကိုပဲ အများဆုံး
သုံးကြပါတယ်။
အထက်အဆင့်ကနေ
ရလာတဲ့ coefficients ကိန်းဂဏန်းတွေအတွက် Huffman encode မှာ binary codeတွေ ရရှိအောင်
ပြုလုပ်ရတာပဲဖြစ်ပါတယ်။ ဆိုကြပါစို့၊ ရိုးရိုးကိန်းဂဏန်း 4 အတွက် binaryမှာ 11 ဖြစ်ပါတယ်။
အဲဒီသဘောပါပဲ။
Huffman
coding ကို အကျယ်ရှင်းနေရင် တအားရှည်သွားမှာမို့ အောက်ဖော်ပြပါပုံလေးကိုပဲ နမူနာအနေနဲ့
ဖော်ပြပေးလိုက်ပါတယ်။
သည်လိုမျိုး
encodingလုပ်တဲ့နေရာမှာ JPEG compression ဟာ ziz-zag နည်းကို အသုံးပြုပါတယ်။ အောက်ပါအတိုင်း
encodingလုပ်သွားတာ ဖြစ်ပါတယ်။
ဘာကြောင့်
ziz-zagနည်းကို သုံးရသလဲ ကျွန်တော့်အထင်ပြောရရင်တော့ အပေါ်အဆင့်မှ ကျွန်တော်တို့ ရရှိခဲ့တဲ့
C matrixမှာ တွေ့ရှိရတဲ့ ဇီးရိုးတွေကြောင့်ပဲလို့ ထင်မြင်မိပါတယ်။
တကယ်တော့
သည်အဆင့်ပြီးသွားတဲ့ JPEG compression ဟာ အောင်မြင်ပြီးဆုံးသွားခဲ့ပါပြီ။ သို့သော်
ကျွန်တော်တို့အနေနဲ့ ကုဒ်တွေကိုပဲ ရရှိနေသေးပြီး ပုံအဖြစ် ပြန်မမြင်ရနိုင်သေးပါဘူး။
ဒါကြောင့်
display screen (ကွန်ပြူတာမော်နီတာscreenဖြစ်စေ၊ မိုဘိုင်းဖုန်းscreenဖြစ်စေ) မှာ
Imageအဖြစ် ပြန်လည် ဖော်ပြပေးဖို့ရန်အတွက် decompression လုပ်ပေးဖို့ ပြန်လိုလာပါတယ်။
ရရှိတဲ့ကုဒ်တွေကို
ကာလာအဖြစ် ပြန်လည်ပြောင်းလဲပေးဖို့ပါ။
ကျွန်တော်တို့
compressionလုပ်စဉ်မှာ ဆောင်ရွက်ခဲ့ရတဲ့ အဆင့်ငါးဆင့်ကို ပြောင်းပြန် ပြန်လုပ်တဲ့သဘောပါပဲ။
အဲဒါကြောင့် အကျယ်ရှင်းစရာမလိုတော့ဘူးထင်ပါတယ်။ အသုံးပြုတဲ့ ပုံသေနည်းတွေကိုတော့ ကျွန်တော်
ဖော်ပြပေးသွားပါမယ်။
အစောက
ရရှိခဲ့တဲ့ binary codeတွေကို C matrixအဖြစ် ပြန်လည် အသက်သွင်းပါမယ်။
ပြီးရင်
R matrix ကို တည်ဆောက်ရပါမယ်။ ပုံသေနည်းကတော့ အောက်ပါအတိုင်းပါ။
ဆိုကြပါစို့။
codeဖြေအပြီး ပြန်လည်ရရှိတဲ့ C matrixကို ကျွန်တော်တို့အသုံးပြုခဲ့ quality matrixနဲ့
ပြန်မြှောက်ပေးတာပါ။ Q10သုံးခဲ့ရင်Q10 ၊ Q50သုံးခဲ့ရင် Q50ပေါ့လေ။
အဲဒါဆိုရင်
ဥပမာအနေနဲ့ ကျွန်တော်တို့ အောက်ပါmatrixကို ရရှိပါပြီ။
ဒါရပြီးရင်တော့
Inverse DCTနည်းနဲ့ နောက်matrixတစ်ခု ပြောင်းယူရပါဦးမယ်။ ပုံသေနည်းကတော့ အောက်ပါအတိုင်းပါ။
တီဆိုတာ
ဘာmatrixလဲ၊ တီပရိုင်းဆိုတာ ဘာ matrixလဲ ဆိုတာ မေ့သွားရင်တော့ တတိယအဆင့်ကို ပြန်ကြည့်ပေးပါနော်။
ကဲ
နောက်ဆုံး N matrix ရပြီဆိုရင်ဖြင့် ကျွန်တော်တို့ဟာ color codeတွေ ပြန်လည်ရရှိပြီဖြစ်ပါတယ်။
display screen မှာ image အဖြစ် ပြန်လည်ဖော်ပြနိုင်ဖို့ ကာလာအရောင်များအဖြစ် ပြန်လည်ရေးသွင်းရုံပဲ
ဖြစ်ပါတယ်။
JPEG
compression လုပ်ခြင်းဖြင့် ဖိုင်ဆိုဒ်လျော့ကျသွားကြောင်းကိုတော့ အောက်ပါ matrix နှစ်ခုကို
နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သိသာသွားပြီဖြစ်ပါတယ်ခင်ဗျာ။
အနည်းဆုံးအနေနဲ့
compression လုပ်ထားတဲ့ပုံဟာ မူရင်းပုံထက် ခုနစ်ဆယ်ရာခိုင်နှုန်း ဖိုင်ဆိုဒ်လျော့နည်းသွားပြီဖြစ်ပါတယ်။
သည်လို
အဆင့်ပေါင်းမြောက်မြားစွာကို ဖြတ်ကျော်ပြီးမှသာလျှင် ကျွန်တော်တို့ဟာ quality သိသိသာသာမလျော့ကျသော်လည်း
ဖိုင်ဆိုဒ်သိသိသာသာလျှော့ချပေးနိုင်သော JPEG type ဖြစ်တဲ့ ဓာတ်ပုံများကို ရရှိခြင်းဖြစ်ကြောင်းပါခင်ဗျား။
ပြီးဆုံးသည်အထိ
သည်းခံပြီး ဖတ်ရှုပေးခဲ့ကြသူအပေါင်းအား ကျေးဇူးအထူးတင်ရှိပါသည်။
ကိုးကား
(၁) Image
compression and discrete cosine transform – Ken Cabeen and Peter gent
(၄) An Introduction to Image Compression - Speaker:
Wei-Yi Wei
Advisor:
Jian-Jung Ding
Digital
Image and Signal Processing Lab
GICE, National Taiwan University
No comments:
Post a Comment