"တစ်နှစ်တွင်သည်တစ်လပေပ
တစ်လတွင်တစ်ရက်တည်း
ခက်ခဲတဲ့ ရက်နေ့တွင်
ပွင့်ရှာကြ စုံမြိုင်တွင်း"
ဦးကြော့
ရာသီပန်းဖြစ်၍ ဆန်းသစ်သည့်ဂုဏ်ကို တန်ဖိုးထားမိလေသလားမသိ။
ပိတောက်ကိုချစ်မိသူအကြောင်းကိုမ၇ှာလိုပါ။ ပိတောက်ရိပ်
တွင်ဆုံတွေ့ခဲ့ရသည့်
ပိတောက်ကိုမချစ် ကျွန်တော်၏အယူအဆနိုင်ငံတွင် "တပြည်သူ" သက်သက်သာဖြစ်နေလေသည့်
ချစ်လှစွာသောသူတစ်ယောက်ကို မုန်းရန် အထောက်အထား အကြောင်းပြချက်ခိုင်လုံလျက်နှင့် မမုန်းနိုင်မမေ့ရက်သော
မိမိကိုယ် ကိုလည်း အပြစ်မတင်လို.............။
ပိတောက်ပွင့်တိုင်း ပင့်သက်ကိုရှိုက်ရင်း ပင်မြင့်ဆီသို့
မျှော်မိစမြဲပင်ဖြစ်သည်။ မြင်မိတိုင်းအသည်းပြင်ကိုစွဲထင်အောင် တမြေ့ မြေ့နှင့် ငွေ့ကျန်လေသေးသည့် ဝေဒနာကိုလှုံဆွလေသော
ပန်းကိုမှ "သည်ပန်းမှမြတ်ပန်းတော်ဝင်" ဖြစ်နေမိသည့်ကိုယ့်ကိုကိုယ် လဲနားမလည်မိပေ။
ရာသီပန်းဖြစ်၍ဆန်းသစ်သည့်ဂုဏ်ကိုတန်ဖိုးထားမိလေသလားမသိ။
(၁)
လတန်ခူးဖြစ်သဖြင့်ခရီးကျူးစ မိုးသားတိမ်လွှာတို့
အုံဆိုင်း၍ မှိုင်းပျပျ ရှိသောတာသင်္ကြန်ကာလပေတည်း။
မိုးနံ့၊ရေနံ့၊ ပိတောက်နံ့ တို့သည် မြေသင်းနံ့
နှင့်ရောလျက်သင်းပျံကြိုင်လှိုင်နေသည်။ အင်လျားလမ်းရှိ ရေကစားမဏ္ဍပ်တစ်ခုနောက် ၀ယ် တစ်ယောက်တည်းအေးဆေးစွာထိုင်နေမိသည်။
ခပ်လှမ်းလှမ်းမှ မြူးကြွသောတီးလုံးသံများကြားဝယ် သင်္ကြန်ဒိုးသံက တစ်ချက်တစ်ချက် ထိုးဖောက်လာလေသည်။
မဏ္ဍပ်နောက် ခြံထဲရှိ မုန့်လုံးရေပေါ်ဝိုင်းမှာ ကျွန်တော့်ဘေးမှ မိုးကာစများကွယ်နေ သဖြင့်
ကောင်းစွာ မမြင်ရသော်လည်း ထိုမှအသံများကိုကောင်းစွာ ကြားနေရသည်။
" ဟေလာမျောက်ကြီး ရှောက်သီးစားမလား
"
ကျွန်တော့် မိန်းကလေး သူငယ်ချင်းများထဲမှ အစအနောက်အသန်ဆုံးနှင့်အစွာဆုံးဖြစ်သော
'စွင့်' ၏မျောက်ဆရာသီချင်း သံနှင့် မြေပြင်ကို
တုတ်ဖြင့်တဖျပ်ဖျပ် ရိုက်သံက အတိုင်းသားပေါ်ထွက်လာသည်။ သူငယ်ချင်းတစ်စု၏ တ၀ါးဝါးဖြင့်
ရီမောနေသံကို လဲကြားနေရသည်။
"ဖေယျရေ.....ကယ်ပါဦးဟ ဒီမှာမင်းသူငယ်ချင်း
လူကနေမျောက်ဖြစ်နေပြီဟ"
ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း စံမိုး၏် ဟန်လုပ်ထားသော
၇ွှတ်နောက်နောက် ငိုသံကနောက်မှထွက်ပေါ်လာသည်။
" အမယ် နင်က နင့်ယောက်ဖများ အားကိုးလို့ ကမှာသာကစမ်း
မကရင် နင်ဘာလုပ်လဲ နင့်ရည်းစားသော်သော့် ဆီ ငါသွားချွန်ပြမယ်"
" အမလေး ဒါလေးတော့ချမ်းသာပေးပါဗျ ဒီရုပ်ဒီရည်နဲ့ဆို
ဒီလိုကောင်မလေးမျိုးရဖို့ မလွယ်ဘူးဗျ ကဆိုလဲကပါမယ့် ဟယ် မတတ်နိုင်ဘူး မယ်ပပရေ မင့်အတွက်
ဟောဒီက မောင်ကြီးကုသ မျောက်ဘ၀နဲ့ လှလှကြီး ကပါ့မယ် ကဲ သူငယ်ချင်ရွာစားရေ ဂန်းနားစတိုင်လေးနဲ့စ"
စံမိုး၏ မင်းသားဟဲ ဟဲသံကြောင့် သူငယ်ချင်းတစ်သိုက်ပွဲကျသွားပြန်သည်။
ကျွန်တော်တို့ ဆယ်တန်းစာမေးပွဲပြီးဆုံးပြီး နွေကျောင်းပိတ်ချိန်သင်္ကြန်တွင်
သူငယ်ချင်း မျိုးဝင်းတို့အိမ်မှ မဏ္ဍပ်ထိုးမည်ဆိုသဖြင့် သူငယ်ချင်းများအားလုံး စုကာရောက်နေခြင်းဖြစ်သည်။
တွေ့လိုက်တိုင်းလဲ သူတို့ နှစ်ယောက်အတွဲ၏ ဟာသများကြောင့် တစ်ဖွဲ့ လုံးပွဲကျ စိုပြေမြိုင်ဆိုင်လှသည်။
သင်္ကြန်မှာ ပျော်တတ်သူတို့ကို ဘက်မ၇ှိအောင်ပျော်ဖွယ်ကောင်းသောပွဲတော်ဖြစ်သည်။
အပေါင်းအသင်းများနှင့် စည်စည် ကားကား ပျော်ရသည်ထက် ကိုယ့်အတွေးနဲ့ကိုယ်နှစ်သိမ့်ကြည်နူးရသည်ကို
ပိုမက်မောသော ကျွန်တော်သာ မဏ္ဍပ်မှထကာ အင်လျားကန်စပ်ဆီသို့ လျှောက်လာပြီး အေးအေးလူလူထိုင်နေမိသည်။
ကြည်လင်သောအင်လျားရေပြင်သည် မိန်းမပျိုလေးအလားတည်ငြိမ်လှသည်။
တစ်ချက်တစ်ချက် တိုက် ခတ် လိုက်သော လေရူးကြောင့်
မိန်းကလေးပြုံးသကဲ့သို့ေ၇ပြင်ပေါ်တွင် လှိုင်းလေးများလူးလွန့် သွားသည်။ ပိတောက်ပွင့်လွှာချပ်များသည်
လေဟုန်ဖြင့်ရွက်တိုက်ရင်း ရေပြင်ပေါ်တွင်ေ၇ွ့လျားနေကြသည်။ မြေပြင်နှင့်ရေစပ်ကြားတွင်လည်း
ေ၇ွှဝါ
ပွင့်ချပ်တို့
ခပ်ကျဲကျဲ ပြန့်နုံနေသည်။
နွေကာလ၏ ကြည်နူးရိပ်ဝယ် အတွေးနစ်မြောကာ ကန်ရေပြင်တွင်
ပိတောက်ရွက်နှင့်အတူ ဘယ်ဆီဘယ်ဝယ်မသိ လွင့်နေသည်ကိုမသိ ဗွမ်းခနဲ လောင်းလိုက်သံနှင့်
တစ်ကိုယ်လုံးရေစိုရွှဲ သွားမှ အလန့်တကြားနောက်ကိုကြည့်မိလိုက်သည်။ သာသာယာယာ ရယ်မောလိုက်သော
ရယ်သံကိုလဲတစ်ပြိုင်နက် ကြားလိုက်ရသည်။
"ဇင်ဇင်"
ဇင်ဇင် သည် ကျွန်တော့်လိုသင်္ကြန်တွင်း တစ်ကိုယ်တော်ကျင့်သုံးပြီး
အပုန်းကောင်းနေသူကိုမှ မိအောင်ေ၇လောင်းရသည်ကို
ကျေနပ်ဝမ်းမြောက်သည့်အလား
လှိုက်လှိုက်လှဲလှဲ ရယ်မောနေလေသည်။ ကော့်ပျံနေသော ပိတုန်းရောင် မျက်တော်တို့ ၀န်းရံအပ်သော
မျက်ဝန်းစိမ်းတစ်စုံတွင် ရွှင်မြူးခြင်း မျက်ရည်ကြည်ပင် ၀င်းလဲ့ရွှင်းပနေလေသည်။
ရုတ်တရက်တော့ စကားမဆိုမိချေ။ေ၇ွှဝါနုရောင် အသားနှင့်
မျက်ဝန်းစိမ်းရှင် ဇင်ဇင်၏ ရယ်မောနေစဉ် လျှပ်လက်ပြေးသည့်သန့်စင်ဖြူဖွေးသော သွားညီညီလေးများကိုသာ
ငေးကြည့်မိလေသည်။
" ဘယ့်နှယ်လဲ ဇေယျရယ် ပိတောက်ပင်အောက်ေ၇ကန်စပ်မှာ
တိတ်တိတ်လေးကျိတ်ဆွေးနေတာကို လူမိသွားလို့အံသြနေတာလား"
အပိုင်း(၂)ကိုဆက်လက်စောင့်မျှော်ပါ
(ကျွန်တော့်
သူငယ်ချင်းလို၊ ညီငယ်လို ခင်မင်ရသူတစ်ယောက်ရဲ့ လက်ရာလေးပါ)
No comments:
Post a Comment