ညကို ကျွန်တော်ချစ်တယ်
နေ့အလင်းရဲ့ ပျိမြစ်ခြင်းတွေ ကုန်ဆုံးပြီးတဲ့နောက်
သူက ရင့်ကျက်စွာ ရောက်လာတယ်
တိုးတိုးလေးပါပဲ
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပေါ့
ချက်ချင်းတော့ မသိလိုက်ဘူး
အချိန်နည်းနည်းကြာမှ သတိထားမိတယ်
ကြေကွဲမှုတွေ ကြီးစိုးတဲ့အခါ
သူက ဘေးမှာ တိတ်တိတ်လေး ထိုင်နေတတ်တယ်
ပျော်မြူးလို့ အော်ဟစ်မိတဲ့အခါ
သူလဲ သံပြိုင်ဟစ်ကြွေး အပျော်ကို ခံစားပေးတယ်
အလိုမကျမှုတွေ ပေါက်ကွဲလျှံကျပစ်ရင်လည်း
ဘာအပြစ်မှမဆို
ဖေးဖေးမမနဲ့ ဘေးက ရပ်နေတတ်တယ်
ငယ်စဉ်က အိပ်ရာဝင်ချိန်တွေမှာလည်း
ကဗျာဆို ပုံပြင်ပြော ချော့သိပ်
လှပတဲ့ အိပ်မက်လေးတချို့တောင် ဖန်ဆင်းပေးသေးရဲ့
သူက
တခါတလေ အေးမြမှုနဲ့ အလင်းဓာတ်ကို ဆောင်ကြဉ်းလာတတ်တယ်
တခါတလေ တိတ်ဆိတ်ခြင်းနဲ့ သန္တရသကို ပေးတယ်
သူ ဒေါသထွက်တဲ့အခါများ
တစ်လောကလုံး အမှောင်ဖုံးသလို စိုးရွံ့ထိတ်လန့်မှုတို့ ကျွန်တော်ခံစားရတယ်
ဒါပေမယ့် ကျွန်တော် ချစ်တယ်
ကျွန်တော် သူ့ကို ချစ်တယ်
ထုတ်ဖော်ဖွင့်ဟ မပြောဖြစ်ကြသည့်တိုင်
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာပေါ့
(ဒီတိုင်း ချရေးလိုက်တာတော့ မဟုတ်ပါ၊ တင်စားပြီး ရေးထားတာဖြစ်ပါတယ်။)
အမခံစားချက်အတိုင်းဆိုရင်တော့ ည=အမေ..:)))
ReplyDelete@Areal Thu
:))) တော်တယ်ဗျာ
Deleteည တိတ်ဆိတ်ငြိမ်သက်ခြင်းတွေနဲ့ အေးအေးဆေးဆေးနေလို့ရတယ်။ တနေကုန်ပင်ပန်းခဲ့သမျှ ညကျမှ အတိုးချ အနားယူရတယ်။ အနော်လဲ ညကို ချစ်တယ်
ReplyDeleteဟုတ်
Deleteညက လွမ်းစရာတွေလဲ ဖန်တီးပေးတတ်သေးတယ်လေ :)
အားပေးသွားပါသည်
ReplyDeleteရောင်စုံအခန်းငယ်: ည >>>>> Download Now
ReplyDelete>>>>> Download Full
ရောင်စုံအခန်းငယ်: ည >>>>> Download LINK
>>>>> Download Now
ရောင်စုံအခန်းငယ်: ည >>>>> Download Full
>>>>> Download LINK