(၂)
ဆယ်တန်းမဖြေမီက ကျောင်းတွင် ဇင်ဇင်နှင့် ကျွန်တော် အတူပညာသင်ယူခဲ့ကြသည်။ သို့ရာတွင်
၉တန်းရောက်မှ ကျောင်းပြောင်း လာကာ အေခန်းကိုရောက်လာသူ ဇင်ဇင်ကို ကျွန်တော်မသိသကဲ့သို့
ဘောဂဗေဒယူကာ အေခန်းမှ အခန်းပြောင်းသွားသော ကျွန်တော့်ကိုလဲ ဇင်ဇင်မသိပေ။ ကျောင်းတွင်းသန့်ရှင်းရေး
ဘုရားဆွမ်းတော်ကပ် စသောစုပေါင်းလုပ်ရသော အလုပ်များတွင်သာ မြင်ဖူးတွေ့ဖူး မျက်မှန်းတန်းယုံသာဖြစ်သည်။
စာမေးပွဲဖြေပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းတက်ရာတွင် သင်တန်းတစ်ခုတည်း ဖြစ်နေသဖြင့်
ရင်းနှီးကျွမ်းဝင်လာလေသည်။
"အံအားသင့်သွားတာပေါ့မှန်ပါတယ်ဒါပေမယ့် ကျိတ်ဆွေးစရာ လွမ်းဖို့တော့ သခင်မ၇ှိသေးပါဘူး
ဇင်"
" အလဲ့ တယ်ဆိုတယ့်စာပါလား "
ဇင်ဇင်က ခပ်၇ွှင်ရွှင်နောက်ရင်း ပိတောက်ပင်ရင်း ကန်စပ်တွင် ကျွန်တော့်ဘေးသို့လာထိုင်လိုက်သည်။
" မသိပါဘူး ဇင် က နင်တို့ယောကျာ်းလေးတွေ ငေးနေရင် တစ်ခုခုကိုလွမ်းလို့ ကျိတ်ဆွေးနေတယ်ထင်နေတာ"
ဇင်ဇင်က ပေါင်ပေါ်တင်ထားသော ဖလားထဲသို့ ပိတောက်ပွင့်များကို ကောက်ယူစီဆော့ကစားရင်း ခပ်အေးအေးနှင့်
ဆက်နောက်နေသည်။ကျွန်တော်ကတော့ အသာပြုံးရင်း ပင်ထက်တွင်လျှံဝင်းနေသောပန်မင်းရွှေငုံတို့ကိုမော်ငေးလိုက်သည်။
" ကိုယ်က ပိတောက်ပန်းကိုချစ်တယ် ဒီလိုချစ်တယ့်ပိတောက်နဲ့ ဇင်ပြောသလို လွမ်းစရာဇာတ်ကြောင်းတွေ
မတော်တဆနွယ်လာမှာကို ..........တစ်ခါတစ်လေတွေးကြောက် မိပါသေးတယ်"
" ဟော.... ရှင်စိတ်ကူးယဉ်ပြန်ပြီ"
ဇင်ဇင် သည် ကျွန်တော့်စကားကို ဘယ်နေရာ ဟာသတွေ့သွားသည်မသိ တခစ်ခစ်နှင့် ရယ်နေသည်။ အရယ်ရပ်သွားသောအခါ
ဆက်ပြီး ဝေဖန်ချက်ပေးပြန်သည်။
" ဒါကတော့ ရှင်တို့ယောကျာ်းလေးတွေ စိတ်ကူးယဉ်တာကိုး တော်တော်၇ယ်ရတယ် သူ့ဟာသူနေတယ့်
ပိတောက်လဲမနေရ နှင်းဆီ လဲမချန် သဇင်ဆိုလဲ မလွတ် စပယ်လဲ မရ နောက်ဆုံး ခရေပန်းကိုတောင်
လျှောက်ဖွဲ့နွှဲ့ပြီး မျက်ရည်နဲ့လိမ်းပေးချင်တယ်လေ"
" ဒါကဒီလိုရှိတယ်လေ ဇင်ရဲ့ ကဗျာဆရာဆိုတာတိကျတယ့်အကြောင်းအရာတစ်ခုရဲ့ယေဘုယျသဘောပေါ်အောင်
ဖွဲ့ နွှဲ့ ရတာကိုး ကိုယ်တစ်ခါကပြောဖူးပါတယ် လောကသဘာဝရဲ့ ဖြစ်ပျက် မတည်မြဲမှုတရားကို
စာဖတ်သူရဲ့ ဥာဏ်မျက်စိမှာ သိမ်သိမ်မွေ့မွေ့ နဲ့ ပြောပြကြတာ ကဗျာတွေပါပဲ ဆိုတာလေ"
" နင်ပြောတော့လဲ ရှင်းသလိုပဲ နောက်တော့မှ သိပ်မသဲကွဲဘူး ဒါထက်နေပါအုံး နင်က ကဗျာဆရာ
မဟုတ်ပေမယ့် ပိတောက်ပန်း ကို ဘယ်လိုမြင်လဲ "
ကျွန်တော်ပြုံးလိုက်သည်။ ဖြေလိုက်လျှင် ဇင်ဇင်ဆီက ဘယ်လိုသော ဝေဖန်ချက်လာမည်ကိုသိသိ
နှင့် ပြုံးလိုက်သည်။
" ကိုယ်ကတော့ ပိတောက်ကို romantic love စိတ်ကူးယဉ်အချစ်နေနဲ့ မြင်တယ် "
ဇင်ဇင်က မျက်လုံးဝိုင်းကာ ကျွန်တော့်ကိုပြန်ကြည့်သည်။
" ဇင့်အတွက် ရယ်စရာကောင်းနေကောင်းနေလိမ့်မယ် "
" မဟုတ်ပါဘူး ဒီနေရာမှာ အမြင်တူသွားလို့ အံသြနေတာပါ "
ဒီတစ်ခါတော့
ကျွန်တော်အံသြသင့်ရသော အလှည့်ဖြစ်သည်။
" ဒီလိုလေ အဲဒီစိတ်ကူးယဉ်အချစ်ဆိုတာ ကဗျာဆရာတွေရဲ့ အပေါ်ယံဖွဲ့နွှဲ့ ထားတယ့်အရာလိုပေါ့
အပေးယံလွှာကိုခွာကြည့်ရင်
အထဲမှာဘာတွေ့ရမယ်ထင်လဲ
"
ကျွန်တော် ဘာမှမပြောဘဲ ဇင့်ကိုသာ ကြည့်လိုက်သည်။
" တကယ်တော့ အချစ်ဆိုတာ လူ့လောကယဉ်ကျေးမူက သိမ်မွေ့အောင် စီမ့ထားတယ့် လိင်စိတ်ပဲလေ
"
" ဒါတော့ ကိုယ်ငြင်းရလိမ့်မယ် ဇင်"
ဇင်ဇင် ကမေးခွန်းထုတ်လိုသောဟန်ဖြင့် ခေါင်းကိုငဲ့ကာကြည့်လိုက်သည်။
" ဥပမာပြောရရင် တေးသွား ရစ်သမ်တစ်ခုမှာပေါ့ နုတ်တွေ ကော့ဒ်တွေအများကြီးပါမှာပဲလေ
A,B,Cm,G,F စသည်ဖြင့်အသံတစ်ခုစီပေါ့ ဒါပေမယ့် ရစ်သမ်တစ်ခုမှာ ကော့ဒ်တစ်ခုထက်တော့ပိုမှာပါ
ဒီလိုပဲ စိတ်ကူးယဉ်အချစ်ထဲမှာ လိင်စိတ်ချည်း ပဲတော့ မဖြစ်နိုင်ဘူး "
ဇင်ဇင်သည် စကားပြန်မပြော၊ ဖလားထဲမှာပိတာက်ပွင့်များကို ကျားကွက်ရွေ့သလိုေ၇ွ့ကစားနေသည်။
" ဒါတွေထားလိုက်ပါ ခုနက ဇင်က ဘာလို့ပိတောက်ပန်း ကိုစိတ်ကူးယဉ်အချစ်လို့ မြင်ရတာလဲ
"
ဇင်ဇင် ကအသာပြုံးရင်း ပင်ယံထက်မှ ပိတောက်ပွင့်တို့ကို မော်ကြည့်လိုက်သည်။
" သူ့ရာသီရောက်ရင် ပိတောက်ပွင့်မြဲမဟုတ်လား အမှန်က မျိုးဆက်ပြန့်ပွားဖို့အစေ့အတွက်
ပန်းပွင့်တယ်ဆိုတာ ယာယီသဘာဝ ပဲလေ အချိန်တန်ရင် ပန်းကကြွေနွမ်းသွားမှာပဲ အချစ်ဆိုတာလဲဒီလိုပဲလေ
အချိန်တန်အရွယ်ရောက် သွေးသားပြည့်ဝလာတယ့်အချိန်မှာ မျိုးဆက်ပြန့်ပွားဖို့ အတွက် လိုအပ်လို့ပေါ်လာတာလေ
အချစ်ဆိုတာ ပိတောက်ပန်းလိုဘဲ ခဏတာတည်မြဲတဲ့ ယာယီပန်းပါ မပျက်သုန်းတယ့် အရာမဟုတ်ပါဘူး...."
ဇင်ဇင်က အသာရယ်ရင်းစကားကို အဆုံးသတ်လိုက်သည်။
" ပိတာက်ပန်းတွေသာ အသက်ရှိရင် ငါ့ကိုကျိန်ဆဲနေမလားမသိဘူးနော် ဇေယျ"
ကျွန်တော်ကမူ နုနယ်ဝင်းပသော ဇင်ဇင်၏မျက်နှာသွယ်သွယ်ကို ငေးကြည့်၇င်း သက်ပြင်းတစ်ချက်ကိုမသိမသာ
ကျိတ်ချလိုက်သည်။
" ပိတောက်ပန်းကတော့ ဇင့်ကို မကျိန်ဆဲပေမယ့် ဒီစကားကြားရတော့ ကိုယ့်အသည်းက ကျိန်စာမိသွားသလိုပဲ"
" ဘာဆိုင်လို့လဲ......."
ဇင်ဇင်၏ မျက်လုံးလေးပြူးကာ ကျွန်တော့်ကိုကြည့်နေပြန်သည်။
" ဘာဆိုင်လို့လဲဆိုတာ တစ်နေ့နေ့တော့ ဇင့်ကို ကိုယ်ပြောမိလိမ့်မယ်ထင်ပါတယ်."
" တစ်နေ့နေ့မှ တယ့်လား အခုရော.......ပြောလို့မရသေးဘူးလား"
ဇင်ဇင်၏ စူးစမ်းသောမျက်လုံးနှင့် ကျွန်တော်၏ အဖြေ၇ှာသောမျက်လုံး တို့ အတန်ကြာအောင်တိုက်ဆိုင်နေမိသည်။
" ငါ့မြင်တယ့်ပိတောက်ပန်းအကြောင်းပြောပြမယ် ဇင်...."
ဇင်ဇင်မျက်လွှာချ ရင်း ကန်ရေပြင်ဆီသို့အကြည့်လွှဲလိုက်သည်။
" အင်း ဆိုပါအုံး ဘယ်လိုလဲဆိုတာ "
" တစ်နှစ်တွင်တစ်လ တစ်လတွင်တစ်ရက် ဆိုတယ့် ဦးကြော့ရေးတယ့် ပိတောက်ပန်းဖွဲ့ ကဗျာကို
ဇင် ကြားဖူးတယ်မဟုတ်လား"
" အင်း..... ကြားဖူးပါတယ်"
" ပိတောက်ပန်းဟာတစ်နှစ်မှတစ်ခါပဲပွင့်တယ်ဇင်၊ ပွင့်ရင်လဲပင်လုံးကျွတ်ဝေဆာနေအောင်ပွင့်တတ်တယ်
ကိုယ်မြင်တယ့် အချစ်စစ်အချစ်မှန်ဆိုတာလည်း တစ်သက်လုံးနေမှ တစ်ခါပဲပေါ်ပေါက်လာလိမ့်မယ်ထင်တယ်။
တစ်သက်မှတစ်ခါပဲ ပွင့်မယ့် ကိုယ့်ရဲ့ ပိတောက်နဲ့ ဇင့်ရဲ့ ပိတောက်ကကွာနေမလားတော့မသိဘူး"
နွေလေရူးက တစ်ချက်တစ်ချက်ပင်ဝှေ့လိုက်သဖြင့် ပိတောက်ညှာညောင်းတို့မှာ ကန်ရေပြင်သို့တဖွဲဖွဲ
ကြွေသက်နေလေသည်။ ခပ်လှမ်းလှမ်း ဆီမှလည်းနေ့လယ် ရေကစားနားချိန်ဖြစ်သဖြင့် အသံများ တိတ်နေသည်။
ဘယ်အချိန် ကနားခိုနေသည့်မသိသော ဥသြငှက်ကလည်း ပိတောက်ပင်ပေါ်မှ လွမ်းဆွတ်ဖွယ် သီကျူးနေသည်။
ဇင်ဇင့်ဆီမှ သက်ပြင်းချသံသဲ့သဲ့ ကြားလိုက်ရသည်။
" အော် ဒါနဲ့ နင်အောင်စာရင်း ထွက်ရင် ဘယ်ကျောင်းတက်မှာလဲ"
" ကိုယ်ကတော့ တပ်ထဲဝင်မှာပဲလေ အင်ဂျင်နီယာတက်မယ်စဉ်းစားတယ်"
" ဒါဆိုပြင်ဦးလွင်သွားရမှာပေါ့ "
" အင်းလေ ဘာဖြစ်လို့လဲ"
"တကယ်လို့ နင်ပြန်လာတယ့်အချိန်ကျရင် ငါတွေ့ချင်ပါသေးတယ် "
" ကိုယ် ခွင့်ပြန်လာလို့ ဇင် မြန်မာပြည်မှာပဲ ရှိသေးရင် တော့ ဘယနေရာရောက်ရောက်
မတွေ့မချင်း ကိုယ်လိုက်ရှာပါ့မယ်"
"မတွေ့မချင်း တောင်လိုက်ရှာမယ်တယ့်လား ဇေယျ ဘာကြောင့်လဲ "
"ကိုယ့်ရဲ့ပိတောက်ပန်းက တစ်သက်မှာတစ်ခါပဲပွင့်တယ် ဇင် "
"ရှင်...."
" ကိုယ့်ပိတောက်ပန်း ကိုဆင်မြန်းစေလိုတဲ့ ဆံမြညှာကေကို ကိုယ်လိုက်ရှာဖွေရလိမ့်မယ်
ဇင်"
ဇင်ဇင် စကားမပြန်။ စင်းမှေးသယောင် မျက်တောင်ကော့ကြီးများကို ခပ်လေးလေး ပင့်ကာ ကျွန်တော့်ကိုရီဝေေ၀
ငေးကြည့်နေသည်။
အပိုင်း(၃)ဆက်လက်စောင့်မျှော်ပါ
ကျေးဇူးတင်ပါတယ်
(ကျွန်တော့်
သူငယ်ချင်းလို၊ ညီငယ်လို ခင်မင်ရသူတစ်ယောက်ရဲ့ လက်ရာလေးပါ)
No comments:
Post a Comment