မူရင်း - ဘရစ်တနီစပီးယားရဲ့ Everytime
ကြာတော့ ကြာခဲ့ပြီ။
တစ်နှစ်ကျော် နှစ်နှစ်လောက်တောင် ရှိပြီ။ ဒီသီချင်းကို ရေးပြီး သူငယ်ချင်းဆုက အသံသွင်းခဲ့တာလေ။
တကယ်တော့ ကော်ပီသီချင်းဆိုတာ ရေးရတာ အင်မတန် လွယ်ပါတယ်။
သီချင်းတစ်ပုဒ်ဖြစ်တည်ဖို့အတွက် အခက်ခဲဆုံးက musicတစ်ခုကို နားထောင်ကောင်းအောင် အသက်သွင်းရတာပါပဲ။ အဲဒီတေးသွားတစ်ခုမှာ rythmပါမယ်၊ melody ပါမယ်။ နားထောင်ကောင်းအောင် ဖန်တီးဖို့ ဆိုတာ တော်တော်အကျွမ်းတ၀င်ရှိဖို့ လိုပါလိမ့်မယ်။
ဖန်တီးပြီးသား တေးသွားတစ်ခုမှာ လိုအပ်သလို အဓိပ္ပါယ်ရှိတဲ့ စာသားလေးတွေထည့်ဖို့ဆိုတာ သိပ်တော့ ခက်ခဲလှတဲ့ အရာတစ်ခုမဟုတ်ဘူးထင်တာပါပဲ။
စာသားထည့်ပြီးတဲ့အခါ နားထောင်ကောင်းအောင် အသံအနိမ့်အမြင့်အတက်အကျအဆွဲအငင်နဲ့ ဖမ်းစားဖို့အတွက် အဆိုသမားအဖို့လည်း မလွယ်လှပါဘူးလေ။
လိုအပ်ခြင်း
V1 :အိပ်မက်များ မျောလွင့်ခြင်း၊ ဘ၀အိမ်ထဲ လူးလွန့်ရင်း
အချိန်များလည်ပတ် တစ်ယောက်တည်း ငါ ကုန်လွန်နေရင်း
Cho:ပေါင်းစပ်မရခဲ့တဲ့ ကိုယ်စီအိပ်မက်၊
အချစ်ရဲ့ အဝေးမှာ ဦးနှောက်စေရာ ငါလျှောက်နေပေမယ့်လည်း
ဟိုးအတိတ်က အချစ်နဲ့ ရှင်သန်ခဲ့သော၊
မှေးစက်ခဲ့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး
V2 :အတိတ်ဆီက အချစ်နေ့များ၊ လိုအပ်ချိန်တိုင်း ခွန်အားများပေး
အခုများမှာတော့ ငါ့နံဘေးမှာ အရာရာပျောက်ဆုံး
Cho:ဦးနှောက်အသိတို့နဲ့ ယုံကြည်ယူဆ
နှလုံးသားလေးဟာ အဝေးဆုံးနေရာ အယူအဆတွေရယ် အကုန်မှား
ဘ၀ရဲ့ အတားအဆီးများ ရင်ဆိုင်ချိန်တိုင်း
မှေးစက်ဖို့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး
ဟိုးးးအဝေးက ချစ်သူလေး
မိုင်များဖြတ်ပြီး
တစ်နေ့နေ့တော့ အရောက်လာမယ်
ပြန်ဆုံဆည်းချင်ပြီ အချစ်ရေ
ဟူးးးးး
ညတိုင်းဆုတောင်း အချစ်ဆုံးနဲ့ ပြန်လည်ဆုံဆည်းဖို့ရယ်
Cho:ဘ၀ရဲ့ အတားအဆီးများ ရင်ဆိုင်ချိန်တိုင်း

No comments:
Post a Comment