ဘယ်လို.. ဘယ်လို..
ကျည်ဆန်များဖြင့် ပန်းများပွင့်စေ.. ဟုတ်လား..
ဟုတ်ပဗျာ.. ပုံထဲမှာ မတွေ့ဘူးလား...
အင်း.. တွေ့တော့ တွေ့တယ်.. ဘယ်လိုလုပ်ထားတာလဲ... လက်မှုပညာတစ်ရပ်လား...
နိုး... မဟုတ်ရပါဘူးဗျာ... တမင် ပန်းပွင့်ပုံဖြစ်ပါစေတော့လို့ ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပေမယ့် တခြားတစ်ခုအတွက် စမ်းသပ်ရင်း အကြောင်းတိုက်ဆိုင်စွာဖြစ်ပေါ်လာတဲ့ side effect ဘေးထွက်သက်ရောက်မှု အနုပညာလက်ရာတစ်ခုလို့ပဲ ဆိုကြပါစို့...
ဘယ်လို ဖြစ်လာတာလဲ... မရှင်းပြခင် အောက်က ဗီဒီယိုလို အရင်ကြည့်လိုက်ပါဦးနော်...
ကဲ... ဘယ်လိုဖြစ်လာတာ ရှင်းပြီထင်ပါရဲ့နော်... :)
အဖြစ်ကတော့ ဒီလိုပါဗျ...
အမေရိကန်ရေတပ်က medical တပ်သားဟောင်းတစ်ဦးဖြစ်တဲ့ အင်ဒရူးထော်ဟီး(Andrew Tuohy) ဆိုသူက လက်နက်ငယ်အချို့ကို ရေအောက်မှာ ပစ်ခတ်လို့ ရမရ စမ်းသပ်ရင်း အခုလို ကျည်ဆန်ပန်းပွင့်ကလေးများ ရရှိလာခြင်းဖြစ်ပါတယ်။
လောလောဆယ် စမ်းသပ်ချက်အကြောင်းပြောရအောင်နော်။
Glock 22 pistol နဲ့ ပစ်လိုက်တဲ့ ကျည်ဆန်ဟာ ပေါက်ကွဲမှုဖြစ်ပြီး အတော်ဝေးဝေးကို ထွက်သွားတာ တွေ့နိုင်ပါတယ်။
ဒီတကယ့်အဖြစ်အပျက်နဲ့ သိပ္ပံပညာအရ နားလည်ထားမှုတို့ဟာ တကယ်တော့ ကွဲပြားခြားနားနေပါတယ်။
၂၀၀၅ခုနှစ်က MythBusters အဖွဲ့ဟာ ကျည်ကာရေလွှာပြင်(Bulletproof Water)စမ်းသပ်ချက်အရ supersonic ကျည်ဆန်တွေဟာ ရေထဲ အများဆုံး သုံးပေအတွင်းမှာ အစိတ်စိတ်အမွှာမွှာ တစ်စစီ ဖြစ်သွားကြောင်း စမ်းသပ်ပြခဲ့ပါတယ်။
အခုတော့ ပစ္စတိုကျည်ဆန်ဟာ ရေထဲမှာ ရှစ်ပေအကွာအဝေးအထိ သက်ရောက်နိုင်ကြောင်း ကျွန်တော်တို့ သိရပါပြီ။
သိပ္ပံအမြင်နဲ့ ထပ်ချဉ်းကပ်ကြတဲ့အခါမှာတော့ အဖြေပြန်ထွက်လာခဲ့ပါတယ်။
အခု ပစ္စတိုကျည်ဆန်ပေါက်ကွဲမှုဖြစ်ပြီး သေနတ်ပြောင်းထဲက ထွက်သွားသလိုမျိုးပဲ အခြေခံပေါက်ကွဲမှုတွေဖြစ်ဖို့ အခြေခံအရာသုံးမျိုးလိုအပ်ပါတယ်။
အောက်ဆီဂျင်၊ လောင်စာနဲ့ မီးပွင့်တို့ပဲ ဖြစ်ပါတယ်။
အောက်ဆီဂျင်က ယမ်းထဲမှာ ပါပါတယ်။ ယမ်းထဲက ဓာတ်ပေါင်းဟာ အပူချိန်များများဖြစ်လာတဲ့အခါ အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။
ယမ်းဟာ လောင်စာအဖြစ်အသုံးခံပြီး ကျည်ဆန်ဖင်မှာရှိတဲ့ နားကွက်ကို မောင်းရိုက်တံက ရိုက်လိုက်တဲ့အခါ မီးပွင့်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ကာ ကျည်ထိပ်ဖူးဟာ သေနတ်ပြောင်းထဲက ထွက်သွားတာဖြစ်ပါတယ်။
ယမ်းသာ ခြောက်သွေ့နေမယ်ဆိုရင် ရေထဲမှာသာမဟုတ်၊ လကမ္ဘာပေါ်မှာတောင် သေနတ်ပစ်လို့ ရပါသတဲ့။
ရေထဲမှာ ပစ္စတိုနဲ့ ပစ်လိုက်တဲ့အခါ ကျည်ထိပ်ဖူးဟာ ရေရဲ့ ခုခံအားကို တွန်းကန်ရင်း ပန်းပွင့်ပုံသဏ္ဍာန်လေးတွေ ဖြစ်သွားတာပါပဲ။
ဒီလိုနဲ့ တစ်ခုကို စမ်းသပ်ရင်း နှစ်ခုကို တွေ့ရှိသွားတဲ့ အင်ဒရူးထော်ဟီး(Andrew Tuohy)ဟာ ရေထဲမှာ ဗလာကျည်များကို ပစ်၊ ပြီးတော့ ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်သွားတဲ့ ကျည်ထိပ်ဖူးလေးတွေကိုကောက်၊ ကျောက်မျက်လေးတွေဆင်ပြီး သူ့အခေါ်အရ "tactical flowers" ဆိုတဲ့ ကျည်ဆန်ပန်းပွင့်ကလေးများ ဖန်တီးထားခြင်းပဲ ဖြစ်ပါကြောင်းခင်ဗျာ...

ပန်းပွင့်ပုံလေးတွေ လှတောင်လှတယ်နော်.. မိန်းကလေးတွေအမြင်နဲ့ဆို နားကပ်လေးတွေနဲ့ တူတယ် :DD
ReplyDeleteတစ်ခုတော့သိသွားတာပေါ့ကွယ်..စနိုးနားကပ်လုပ်ချင်ပြီးထင်တယ်..
ReplyDeleteဟုတ်ပါ့..အသိတစ်ခုတိုးလာလို့ ၀မ်းသာပါတယ်ရှင်..ပုံတွေတော့ ကြည့်ရ၀ူးးရှင်....လိုင်းမကောင်းလို့လေ...ဗဟုသုတလေးကိုပဲခံစားသွားပါတယ်နော်
ReplyDeleteခင်မင်နေတဲ့...မိုးနတ်
မငိးအရိပ်ရေ
ReplyDeleteရှာရှာဖွေဖွေပါပဲဟယ် လှလိုက်တာပန်းလေးတွေက
ထူးဆန်းတယ်နော်
ခင်မင်တဲ့ sis jasmine
လှလိုက်တာ။တစ်ခုလောက်တောင်းဦးမှပဲ။
ReplyDelete