Monday, April 14, 2014

မေ့တတ်တဲ့ ဦးနှောက်အတွက် သင်ခန်းစာကို ချရေးခြင်း


တော်တော် မေ့တတ်တဲ့ ခေါင်းဗျာ။
ကျောင်းစာဆိုတာနဲ့ အစေးကို မကပ်ပါဘူး။
စာကြည့်ရမှာကလဲ ပျင်း၊ ဦးနှောက်ကလဲ ခဏပဲ ကောင်းတာ။ အချိန်နည်းနည်းကြာရင် မေ့ရော။
အခုတောင် မနှစ်က ကြည့်ထားပြီးသား၊ တခြားသူကိုတောင် ရှင်းပြနိုင်ခဲ့တဲ့စာတွေ ဒီနှစ် လိုအပ်လို့ ပြန်စဉ်းစားတော့ မသိတော့ဘူးဖြစ်နေတယ်။ ပြန်ရှာ ပြန်ကြည့်ရတယ်။
ဒါကြောင့် ဒီစာကို ချရေးဖြစ်တာပါ။ သိလို့၊ တတ်လို့  မဟုတ်ပါဘူး။ ဒီလိုလေး ချရေးလိုက်ရင် ပိုပြီးများ မှတ်မိမလားရယ်လို့ပါ။
အိုကေ - ကျွန်တော် ရေးမှာကတော့ Reducing block diagrams in control systemပါ။
ခက်ခက်ခဲခဲကြီး မဟုတ်ဘူး။ ခက်ခက်ခဲခဲတွေလဲ မသိပါဘူး။ ဒါကြောင့် ချရေးဖြစ်ပါတယ်။
ချရေးတယ်ဆိုတာထက် ပုံတွေနဲ့ပဲ ဖော်ပြသွားပါတော့မယ်။
ပထမဆုံးအနေနဲ့ feedback block diagram လျှော့ချခြင်းပါ။


ဆိုတော့ကာ ဒါမျိုးပုံကို feedback diagramလို့ ခေါ်ပြီး အဖြေကို အောက်ပါအတိုင်း ရေးပါတယ်။
Y/R = G/(1+GH)
နောက်ထပ်တော့ အဖြေတွေ ထပ်မရေးပြတော့ပါဘူး။
နောက်တစ်ခုက serie ကို လျှော့ချတာပါ။


နောက်တစ်ခုက Parallel blockတွေကို လျှော့ချတာပါ။


နောက်ထပ်ဆက်သွားမှာကတော့ summation pointတွေကို နေရာရွှေ့ခြင်းဖြစ်ပါတယ်။
Moving summation points




နောက်ကနေ ရှေ့ကို ရွှေ့သွားတာနဲ့ ရှေ့ကနေ နောက်ကို ရွှေ့သွားတာပါ။
နောက်တစ်ခုကတော့ pick-off pointတွေကို နေရာရွှေ့တာပါ။
Moving pick-off points




Pick-off pointsနဲ့ summation pointsတွေကို ရွှေ့တဲ့အခါ ပြောင်းလဲသွားတဲ့ blockတွေဟာ ပြောင်းပြန်ပုံစံဖြစ်နေကြောင်း တွေ့ရပါလိမ့်မယ်။
လွယ်လွယ်လေးပဲနော်။
ကျွန်တော် ခဏ ခဏ ပြန် ပြန်ကြည့်နေရလို့ နောက်တစ်ခါမေ့ရင် ကိုယ့်ဘလော့ထဲမှာပဲ ပြန်ရှာလို့ရအောင်ရယ်၊ ပိုမှတ်မိသွားအောင်ရယ် ချရေးဖြစ်ပါတယ်။
ပို့စ်တွေ မရေးနိုင်လို့ ကျွန်တော့်ဘလော့လေး active သိပ် မဖြစ်တော့တာကြောင့်လဲ ပါတာပေါ့လေ :P
မျက်စိနောက်သွားကြရင်တော့ ခွင့်လွှတ်တော်မူကြပါခင်ဗျား


Friday, April 11, 2014

လူအဖြစ် ဟန်ဆောင်ခြင်း



မျက်စိကို မှိတ် ခေါင်းကို ငြိတ်လို့
ကျွန်တော် လူယောင်ဆောင်ခဲ့တယ်။

တကယ်တော့….

ကျွန်တော်ဟာ ခြင်္သေ့တစ်ကောင်ပါ၊
ဟန်ပါပါ ဟိန်းဟောက်ရင်း
ဝမ်းထဲမှာ အစာမရှိရင်တောင်
မြက်ပင်ကို မစားတဲ့သူမျိုးပေါ့။

ကျွန်တော်ဟာ မျောက်တစ်ကောင်ပါ၊
ဇာတ်ဆရာရဲ့ ခိုင်းစေမှုကြောင့်
ဟိုသစ်ကိုင်းကူး ဒီသစ်ကိုင်းကူး
ဂနာမငြိမ်ဖူးသူလေ။

ကျွန်တော်ဟာ ယုန်ကလေးတစ်ကောင်ပါ၊
နားရွက်တစ်ထောင်ထောင်နဲ့
ပညာရှိယောင်ဆောင်ပြီး
သူများပြောစကားတွေ နားထောင်နေကျရယ်။

ကျွန်တော်ဟာ လင်းနို့တစ်ကောင်ပါ၊
ညဘက်ဆို အလိုလို လန့်နိုး
အိပ်မက်ဆိုးတွေရဲ့ ခြောက်လန့်ခြင်းတွေကြား
မမြင်မစမ်းနဲ့ အသားကျနေတယ်။

ကျွန်တော်ဟာ သိုးဖြူတစ်ကောင်ပါ၊
မသိခြင်းတွေ ထွေးပိုက်လို့
ဖြူစင်မှုတွေနဲ့လည်း ပျော်ရွှင်ဖူးတယ်။

ကျွန်တော်ဟာ သိုးမည်းတစ်ကောင်ပါ၊
မရည်ရွယ်ခဲ့တဲ့ အမှားတွေအတွက်
အသိုင်းအ၀ိုင်းထဲကလည်း ပြေးထွက်ချင်ခဲ့ဖူးတယ်။

နောက်ပြီး…

ကျွန်တော်ဟာ ပင့်ကူတစ်ကောင်လဲ ဖြစ်တယ်၊
မြတ်နိုးတွယ်တာမှုတွေအတွက်
သံယောဇဉ် အမျှင်တန်းလို့
လက်ကျန်အချိန်လေးတွေမှာ
လူအဖြစ် ကပ်တွယ်နေချင်တုန်းပဲပေါ့…..



Sunday, March 23, 2014

တစောင်းကြီးဖြစ်နေတဲ့ e-book (pdf) ကို ဘယ်လို ပြင်မလဲ



တစ်ခါတစ်ရံမှာ တချို့ e-book (pdf) တွေဟာ ပုံမှာ ဖော်ပြထားသလို တစောင်းကြီး ဖြစ်နေတတ်ပါတယ်။
ဒါမှမဟုတ် ကိုယ်တိုင်ပဲ pdfတစ်ခု အစမှ အဆုံး ဖန်တီးပြီးတဲ့နောက် readerတစ်ခုနဲ့ ဖတ်ကြည့်မှ တစောင်းကြီးဖြစ်နေတာကို တွေ့ရတာ ရှိတတ်ပါတယ်။
အဲဒါမျိုး ငါ ဘယ်လိုများ လုပ်ရပါ့မလဲ။ အစက အဆုံး ပြန်ပြင်ရတော့မှာပဲ ဆိုပြီး စိတ်မညစ်ပါနဲ့။
ပြင်နည်းက လွယ်လွယ်လေးပါ။ ကျွန်တော် တင်ပေးထားဖူးတဲ့ adobe acrobat နဲ့ ပြင်လို့ရပါတယ်။
၁။ ကိုယ်ပြင်မယ့် pdfကို အောက်ပါ နည်းနှစ်နည်းထဲက တစ်နည်းနည်းနဲ့ ဖွင့်လိုက်ပါ။


သို့မဟုတ်


၂။ ဖွင့်ပြီးသွားတဲ့အခါ ပုံမှာ ပြထားတဲ့အတိုင်း document -> rotate pages ကို သွားပါ။


၃။ အောက်ပါ boxလေး တက်လာပါလိမ့်မယ်။ ဖော်ပြထားတဲ့အတိုင်း clockwise 90 စသဖြင့် ကိုယ်အဆင်ပြေသလို ပြောင်းပါ။ အနီကွင်း ၀ိုင်းပြထားတဲ့နေရာမှာ ကိုယ် ပြင်မယ့် စာမျက်နှာတွေ ထည့်လို့ရပါတယ်။


၎။ ပြီးရင် ok နှိပ်လိုက်တဲ့အခါ အောက်ပါအတိုင်း ပေါ်ပါလိမ့်မယ်။ yes ကို နှိပ်လိုက်ပါ။



ဒါဆိုရင် ခုနက တစောင်းကြီးဖြစ်နေတဲ့ pdfဟာ ကိုယ် လိုချင်တဲ့အတိုင်း ချိန်ညှိပြီး ဖြစ်သွားပါပြီ။


(ကျွန်တော့်ဘလော့မှာ စာအသစ်တွေ မရေးနိုင်ခင်စပ်ကြား အဆက်ပြတ်မသွားအောင် ITBrother လို့ အမည်ရတဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်စု ကြိုးစားတည်ဆောက်နေတဲ့ ITနည်းပညာ မျှဝေရာ ဘလော့မှာ တင်ပြီးသားပို့စ်ကို ပြန်share လုပ်လိုက်တာပါ။)
အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်

Thursday, March 20, 2014

ဘလော့ပို့စ်တွေကို ဖေ့ဘုတ်ပေါ်အလိုအလျောက်ရောက်အောင်လုပ်နည်း


ဒီနည်းပညာကတော့ ဘလော့ဂါတော်တော်များများ အလိုရှိကြတဲ့ နည်းပညာလေးပါ။
social networkနဲ့ ချိတ်ထားမှာမို့ မဖြစ်မနေ သိထားရင် ပိုကောင်းပါတယ်။ ခေါင်းစဉ်မှာ ဖေ့စ်ဘုတ်လို့ ပေးထားပေမယ့် twitterလိုမျိုး social network မျိုးနဲ့လဲ ချိတ်ထားလို့ ရပါတယ်။
လိုအပ်တဲ့ နည်းပညာဖြစ်သလို ခက်ခဲမှုလဲ သိပ်မရှိပါဘူး။
အရင်ဆုံး NetworkedBlogs linkမှာ sing in ၀င်ရပါမယ်။
                                         ဒီနေရာကိုသွားလိုက်ပါ။
အောက်ပါပုံအတိုင်း ၀င်ရပါမယ်။



အဆင့်(၁)နဲ့ အဆင့်(၂) ခွဲပြီး ပြထားပေးပါတယ်။ အကောင့်မလုပ်ရသေးဘူးဆိုရင် sign up ၀င်ဖို့ နဲ့ ရှိပြီးသားဆို ဖေ့စ်ဘုတ်ခ်အိုင်ကွန်လေးနဲ့ log in ၀င်ရုံပါပဲ။


ဝင်ပြီးရင်တော့ ကိုယ့်ရဲ့ဘလော့ကို registerလုပ်ပေးရပါမယ်။


ပြထားတဲ့အတိုင်း register a blogကို နှိပ်ပြီး မိမိရဲ့ ဘလော့လင့်ကို ထည့်ကာ register လုပ်ပေးရပါတယ်။


ပုံမှာ ပြထားတဲ့အတိုင်း လိုအပ်တဲ့အချက်အလက်တွေထည့်ပြီး ဆက်လုပ်သွားပါ။
ဒါပြီးရင်တော့ register လုပ်ပြီးသွားပါပြီ။
ပြီးရင် မိမိရဲ့blogger dashboard ကို သွားရပါမယ်။




ပုံမှာ ပြထားတဲ့အတိုင်း syndicationကို နှိပ်ပါ။
ပုံတွေမှာ ပြထားတဲ့အတိုင်း အဆင့်လိုက် လုပ်သွားပါ။






ပုံတွေမှာ ပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ပြီးသွားရင်တော့ မိတ်ဆွေတို့ရဲ့ဘလော့ကို social network မှာ ချိတ်ပြီးသွားပါပြီ။
တစ်ခုမှတ်ထားရမှာက syndicationလုပ်တဲ့အခါမှာ networkedblogsက တောင်းဆိုတဲ့ အချက်တွေကို okayလုပ်ပေးဖို့ လိုပါတယ်။
အားလုံးလုပ်ပြီးတဲ့အခါ မိတ်ဆွေတို့ရဲ့ ဘလော့မှာ ပို့စ်အသစ်တစ်ခုတင်လိုက်တာနဲ့ social networkမှာ တစ်ခါတည်း ရောက်သွားပြီဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဖေ့စ်ဘုတ်ခ်လို social network accountကိုတော့ ဖွင့်ထားဖို့ လိုပါမယ်။

(ကျွန်တော့်ဘလော့မှာ စာအသစ်တွေ မရေးနိုင်ခင်စပ်ကြား အဆက်ပြတ်မသွားအောင် ITBrother လို့ အမည်ရတဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်စု ကြိုးစားတည်ဆောက်နေတဲ့ ITနည်းပညာ မျှဝေရာ ဘလော့မှာ တင်ပြီးသားပို့စ်ကို ပြန်share လုပ်လိုက်တာပါ။)
အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်




Sunday, March 9, 2014

Blog iconလေး ချိန်းရအောင် !



ဒီတစ်ခေါက်တော့ blog icon ချိန်းတဲ့နည်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်အပေါ်ဆုံးမှာ ပြထားတဲ့ ပုံမှာ ကျွန်တော်တို့ ဘလော့ရဲ့ icon ကို ချိန်းပြထားတာ တွေ့ပါလိမ့်မယ်။ အပြာရောင်လေးထောင့်ကွက်နဲ့  ပြထားပါတယ်။ အဲဒါ iconပါ။ ဘလော့မှာတော့ favicon လို့ ခေါ်ပါတယ်။
အဲဒီလိုမျိုးပဲ ကိုယ့်ဘလော့တွေမှာ icon ချိန်းချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
၎င်း favicon တွေဟာ သေးငယ်သော ပုံတွေကိုသာ သုံးစွဲကြပြီး များသောအားဖြင့်တော့ (16px X 16px) အရွယ်အစား ရှိကြတာပါ။ ဖိုင်အမျိုးအစားကလဲ .ico ဖြစ်ရပါတယ်။ ဒါမှ ချိန်းလို့ ရပါတယ်။
ဒါကြောင့် အရင်ဆုံး favicon ကိုယ်သုံးချင်တဲ့ ပုံကို iconအမျိုးအစားဖြစ်အောင် ပြောင်းရပါမယ်။
ကျွန်တော်ကတော့ အွန်လိုင်းပေါ်မှာ တခါတည်း လုပ်နိုင်တဲ့ X-Icon Editorကို သုံးပြီး လုပ်လိုက်ပါတယ်။ offline မှာ သုံးလို့ရတဲ့ icon editor software တွေလဲ ရှိပါတယ်။ ကျွန်တော်လုပ်တဲ့အတိုင်း လုပ်ချင်ရင်တော့ အောက်ပါလင့်ခ်ကို နှိပ်လိုက်ပါ။


အောက်ဖော်ပြပါပုံက web pageကို ရောက်သွားပါမယ်။
၁။ Import ကို နှိပ်လိုက်ပါ။




၂။ Upload ကို ထပ်နှိပ်ပါ။ ပြီးရင် ကိုယ်လုပ်ချင်တဲ့ ပုံကို ရွေးပြီး open နှိပ်လိုက်ပါ။


၃။ အင်တာနက်ပေါ်Uploadတင်ပြီးတဲ့အခါ crop လုပ်လဲ ရပါတယ်။ ဒါမှမဟုတ် တစ်ပုံလုံး ရွေးချင်ရင်လဲ cropကွက်ဒေါင့်ဆုံးကို ထောက်ပြီး sizeချဲ့လို့ ရပါတယ်။ အမှန်ခြစ်ထားတဲ့ နေရာလေးတွေမှာ ကိုယ်လိုချင်တဲ့ တစ်ပုံပဲ ခြစ်ထားလဲ ရပြီး အကုန်ခြစ်ထားလဲ ဖြစ်ပါတယ်။ ပုံဆိုဒ်က တအားကြီးနေရင်တော့ သူခွင့်ပြုတဲ့ အတိုင်းအတာထိပဲ ရပါလိမ့်မယ်။


၎။ Previewမှာ အဆင်ပြေ၏ မပြေ၏ ကြည့်လို့ရပါသေးတယ်။ စိတ်ကျေနပ်ပြီ ဆိုရင်တော့ iconကို ဒေါင်းနိုင်ပါပြီ။ Export ကို နှိပ်လိုက်ပါ။


၅။ Export your icon ကို ထပ်နှိပ်ပါ။ အဲဒီအခါ ဒေါင်းလုဒ်လုပ်ခိုင်းပါလိမ့်မယ်။


favicon အတွက် icon လုပ်ပြီးပြီ ဆိုရင်တော့ bloggerထဲမှာ ၀င်ပြောင်းလို့ ရပါပြီ။
၁။ blogger ကို sign in လုပ်ပြီးရင် layout ကို သွားလိုက်ပါ။


၂။ ကျွန်တော် အနီဝိုင်းပြထားတဲ့ favicon ဆိုတာ တွေ့ပါလိမ့်မယ်။ edit ကို နှိပ်ပါ။
၃။ choose file ကို နှိပ်ပြီး ကိုယ်လုပ်ထားတဲ့ icon ကို ရွေးပေးလိုက်ပါ။ ပြီးရင် save လုပ်လိုက်ပါ။


၎။ layout မှာ save arrangement လုပ်ပြီးရင်တော့ မိမိရဲ့ ဘလော့ icon ချိန်းပြီးသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခု သိထားဖို့ လိုတာက favicon က ချိန်းပြီးပြီးချင်း တန်း  မပြောင်းပါဘူး။ အချိန် ခြောက်ရက်၊ ခုနစ်ရက် တန်သည် ပေးရပါတယ်။ လိုအပ်တဲ့ အချိန်ပေးပြီးရင်တော့ မိမိဘလော့မှာ ဘလော့ဂါicon မဟုတ်ဘဲ မိမိတင်ထားတဲ့ icon ပြောင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။


အဆင်ပြေကြပါစေ။
အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်


Wednesday, February 26, 2014

ကိုယ့်facebook pageကို blogမှာ ဘယ်လိုချိတ်မလဲ



ကျွန်တော်တို့ဘလော့မှာ facebook pageလေး တစ်ခု ချိတ်ထားတာ တွေ့ပါလိမ့်မယ်။ အဲဒါလဲ ကျွန်တော်တို့ရဲ့ ပေ့ခ်ျလေးပါပဲ။ အဲဒီလိုမျိုးချိတ်တာကို ဘလော့မှာ facebook like box ချိတ်တယ်လို့ ပြောကြပါတယ်။
ဘလော့ဂါတော်တော်များများ လုပ်တတ်ကြမှာဖြစ်ပေမယ့် ဘလော့ဂါအသစ်တွေတော့ သိချင်မှ သိပါလိမ့်မယ်။ ဒါကြောင့် facebook like boxကို ဘလော့မှာ ဘယ်လိုချိတ်မလဲဆိုတာ ကျွန်တော် ရှင်းပြပေးချင်ပါတယ်။
အင်မတန်မှ လွယ်ပါတယ်။
အရင်ဆုံး google search box မှာ like box ဆိုပြီး ရိုက်ရှာလိုက်ရင် Like Box – Facebook                 Developers ဆိုတဲ့ လင့်ခ်ကို တွေ့ပါလိမ့်မယ်။
တကယ်လို့ ရှာဖို့ ခက်ခဲမယ်ဆိုရင် အောက်က လင့်ခ်လေးကို နှိပ်လိုက်ပါ။


အောက်ဖော်ပြပါပေ့ခ်ျကို ရောက်သွားပါလိမ့်မယ်။


ဖော်ပြပါပုံထဲက Facebook Page URLဆိုတဲ့ နေရာမှာ ကိုယ့်facebook pageရဲ့ URLကို ထည့်ရမှာဖြစ်ပါတယ်။
URLဆိုတာ မရှင်းရင် ပုံလေးနဲ့ ဥပမာပြထားပေးပါတယ်။



ပြီးရင် Width နဲ့ Height မှာ အဆင်ပြေသလို pixel ဂဏန်းတွေ ထည့်ပေးသွားရပါမယ်။
အောက်ကပုံမှာ ကျွန်တော် ဂဏန်းလေးတွေ အစမ်းထည့်ပြထားပါတယ်။
နောက်ပြီး Show Headerတို့ Show Postsတို့မှာ ကိုယ်ကြိုက်သလို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
အဲဒါပြီးရင်တော့ get codeဆိုတာကို နှိပ်ရပါမယ်။




ဒီကုတ်တွေကို ရပါလိမ့်မယ်။ နံပါတ်တွေနဲ့ ဖော်ပြပေးထားပါတယ်။


ရလာတဲ့ကုတ်ကို blogger dash board ထဲဝင်ပြီး ထည့်ရပါမယ်။
design ထဲက edit html ထဲဝင်လိုက်ပါ။
ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း လုပ်ပါ။


ဒီကုတ်ကိုရိုက်ရှာပါ
        တွေ့ပြီဆိုတာနဲ့သူ့ရဲ့အပေါ်မှာ ကုတ် ၁ ကို ကူးထည့်လိုက်ပါ။


ပီးပီဆိုရင်
   layout
   Add a Gadget
  HTML/Javascript ကိုအောက်မှာပြထားတဲ့အတိုင်းသွားလိုက်ပြီး ကုတ် ၂ ကိုထည့်လိုက်ပါ




Save arrangment လုပ်လိုက်ပါ။


view blog ကိုကြည့်လိုက်ရင် အခုလိုမြင်ရမှာဖြစ်ပါတယ်


အဆင်ပြေကြပါစေ။အခက်အခဲတစုံတရာရှိရင် ကွန်မန့်ဘောက်မှာရေးခဲ့ပေးပါ။
ကျေးဇူးတင်ပါတယ်။

အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်


အားပေးကြပါဦးအရပ်ကတို့ (ကြော်ငြာ)


အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
စာမရေးဖြစ်တာလဲ ကြာပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော် ပညာရပ်ပိုင်းကို လိုက်ဖို့ စဉ်းစားထားပြီး ပညာရပ်တစ်ခုကိုလဲ လိုက်နေလို့ပါ။ websiteရေးတဲ့ နည်းပညာပါ။ လောလောဆယ် HTML5နဲ့ CSS3ကို လေ့လာနေပါတယ်။ သိပ်တော့ အထင်ကြီးမသွားနဲ့ဦး။ ခုမှ စလုပ်တာနော် :P
နောက်ပြီး ပညာရေးဘလော့လေးတစ်ခုလဲ သူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းလုပ်နေတဲ့အတွက် အဲဒီမှာ ပို့စ်တွေရေးနေရတာကြောင့်လဲ ပါပါတယ်။
အဲဒီဘလော့ကတော့ ITBROTHER လို့ နာမည်ပေးထားပြီး ကျွန်တော့်ဘလော့ side barထိပ်မှာ လင့်ခ်ချိတ်ထားပါတယ်။
အဲဒီမှာ ကျွန်တော်က လောလောဆယ် HTML5နဲ့ ပတ်သက်ပြီး ပို့စ်အချို့ရေးနေသလို နောက်ပိုင်း CSS3ကိုလဲ ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ ကိုယ်လေ့လာဖြစ်တာကို သိသလောက်ချရေးတဲ့သဘောပါပဲ။
ကျွန်တော့်သူငယ်ချင်းနောက်တစ်ယောက်က networkingနဲ့ ဆိုင်တာတွေ ရေးပေးပြီး နောက်တစ်ယောက်က English languageပိုင်းနဲ့ JavaScript စတာတွေ ရေးမှာ ဖြစ်ပါတယ်။
ဘလော့နည်းပညာအချို့နဲ့ ဆော့ဖ်ဝဲလ်အချို့ကိုလဲ မျှဝေပေးသွားမှာပါ။
အဲဒီဘလော့နဲ့ ဆိုင်တဲ့ ဖေ့စ်ဘုတ်ခ်ပေ့ခ်ျလေးလဲ လုပ်ထားပါတယ်။
ကျွန်တော့်ဘလော့လေးမှာတော့ ကျွန်တော်ရေးတဲ့ ပို့စ်များကို ပြန်ရှဲသွားဖို့ ရှိပါတယ်။ ဒီမှာ တင်နေကျ ဗဟုသုတဆိုင်ရာပို့စ်အသစ်တွေ ရေးဖို့ အချိန်မရှိတာလဲ ပါတာပေါ့ဗျာ။
လောလောဆယ်တော့ ဘလော့မှာ HTML5 ပို့စ်တွေ တင်ဖို့ ကြိုးစားတာ အဆင်မပြေဘူး။ codeတွေ ငြိနေပုံရပါတယ်။
ဒါကြောင့် ဘလော့နည်းပညာအကြောင်း အနည်းငယ်လေးပဲ တင်သွားပါရစေလို့....

အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်