Monday, April 29, 2013

ဝိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ


ဝိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ
ရဲမြင့်ကျော်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူနာမီပြီး လျှင် အကြီးဆုံးဟုဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ထိုငလျင်က မြေ ပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည် မို့ အားလုံးအတွက် ထူးဆန်းနေသည်။ အထူးသဖြင့် ငလျင်ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန်အသိုင်းအ၀ိုင်းကို အကြီးအကျယ်အထိနာ စေခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေး လျှို့ဝှက်ချက် လေးပုံတစ်ပုံကျော် ဖောက်ချ လိုက်တဲ့ ၀ိကိလိခ်စ် (WikiLeaks) အွန်လိုင်း ငလျင်ကြီးပင်။ ၀ိကိလိခ်စ် ၀ဘ်ဆိုဒ်က ၁၉၆၆ မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံရှိ သံရုံးများမှ အမေရိကန်အစိုးရထံ လျှို့ဝှက်ပေးပို့တဲ့ ကေဘယ်ဖိုင် ၂၅၁၂၈၈ ကို ဖောက်ချလိုက်သည်။ နိုင်ငံအသီးသီးရှိ အမေရိကန်သံရုံး သံတမန်များမှာ စပိုင်များဖြစ်နေတာ ရုပ်လုံး ဘွားဘွားကြီးပေါ်သွားသည်။ ရုရှား၊ ပါကစ္စတန်၊ အီရန်၊ တရုတ်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် ဇင်ဘာဘွေစတဲ့နိုင်ငံများနှင့် ခေါင်းဆောင်များအပေါ် အမေရိကန်သံတမန်စပိုင်များရဲ့ မှတ်ချက်တွေက ကာကယံရှင် နိုင်ငံများအတွက် ဒေါသထွက်စရာများ ဖြစ်လာသည်။ ၀ိကိလိခ်စ်ဇာတ်လမ်းက ကမ္ဘာ့အကောင်းဆုံး ဖြစ်ရပ်မှန်စပိုင် ၀တ္ထုကြီးဖြစ်လာသည်။ အမေရိကန်အနေနှင့် အရှက်လုံးကွဲရုံမက သူ့ရဲ့စစ်ရေး နိုင်ငံရေးဖုံးဖုံးဖိဖိကိစ္စများ အခု တစ်ကမ္ဘာလုံး ၀က်ဝက်ကွဲ သိကုန်ပြီ။
အမေရိကန်ဘဏ်တွေရဲ့ လျှို့ဝှက်အချက်လက်များ မကြာမီ ၀ိကီလိခ်စ်က ဖွင့်ချတော့မည့်အတွက် စတော့ဈေးများ ထိုးစိုက်ကျနေသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းခင်မျာလည်း အမေရိကန်သံတမန်များစွာက အတင်းအပင်းပေါင်းများစွာဖြင့် စပိုင်လိုက်ခံ ထားရသောကြောင့် သံတမန်အလုပ်နှင့် စပိုင်အလုပ် ခွဲလုပ် ကြဖို့ ဗြောင်ဖွင့်မေတ္တာရပ်ခံ ရတော့သည်။ ဇာတ်လမ်းကမပြီးသေး။ ၀ိကိလိခ်စ်မှ ယိုစိမ့်ထွက်လာတဲ့ ဖိုင်များ တစ်ဖိုင်ချင်းတစ်စချင်း ဖွကြတာနဲ့အမျှ နိုင်ငံတစ်ခုချင်း အလိုက် ပြဿနာများက မီးခိုးကြွက်လျှောက်။ အမေရိကန်အစိုးရကတော့ ၀ိကိလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) ကိုအသေသတ်ချင်နေသည်။ ၉/၁၁ အကြမ်းဖက်မီးမွှေးသူ အိုစမာဘင်လာဒင် ပြီးရင် ဒုတိယရန်သူတော်စာရင်း သွင်းလိုက်ပြီ။ ထုံးစံအတိုင်း အမေရိကန်တို့က သူတို့ပိုင်ရာနိုင်ရာ နိုင်ငံတကာရဲအဖွဲ့ (Interpol) နှင့် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ အမေရိကန်ကြီး ရှက်ရမ်းရမ်း စိတ်ဆိုးပြီဆိုတော့ အက်စ်ဆန်းကို ဘယ်နိုင်ငံမှ အခု လက်ခံမထားရဲတော့။ ၀ိကိလိခ်စ် တည်ထောင်သူ ဖခင်ကြီး ဟတ်ကာ အက်စ်ဆန်း ဘယ်ရောက်နေပြီလဲ၊ သူဘယ်သူလဲ။ ဂျူလီယန် အက်စ်ဆန်း ဂျူလီယန် အက်စ်ဆန်းကို ဩစတြေးလျနိုင်ငံ ပြဇာတ်လုပ်ငန်း လုပ်ကိုင်သူ မိဘနှစ်ဦးမှ မွေးဖွားခဲ့ပြီး ယခု အသက် ၃၉ နှစ်ရှိပြီဖြစ်သည်။ သူ့အမေက အင်မတန်ဥာဏ်ရည်မြင့်တဲ့ကလေးဟု သူ့အကြောင်း ပြန်ပြောပြသည်။ သူမက ၁၉၈၇ ခုနှစ်၊ အက်စ်ဆန်း ၁၆နှစ်သား အရွယ်တွင် Commodore 64 ကွန်ပျူတာကြီးတစ်လုံး ၀ယ်ပေးလိုက်သည်။ အက်စ်ဆန်းက သူ့ကွန်ပျူတာအတွက် အင်တာနက်ချိတ်ဖို့ modem တစ်ခုဝယ်ပြီးနောက် ကမ္ဘာကွန်ပျူတာကွန်ယက်ကြီးထဲကတဆင့် သူခရီးစတင်ပါတော့သည်။ “စစ်တုရင် ကစားရသလိုပဲ၊ အင်တာနက်ပေါ်မှာ မွှေနှောက်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ပုစ္ဆာတွေအားကြီးပဲ” ဟု အက်စ်ဆင်းခ်ျက နယူးယောခ့်ကာ မဂ္ဂဇင်းကို တစ်ခါက ပြောပြဖူးသည်။ သူ့မိခင်က သူ့သားကို မည်သည့်ဘာသာရေး ဩဇာအောက်မှာမှ မထားပေမယ့် အက်စ်ဆန်းဟာ သိပ်နူးညံကြောင်း၊ ပျော်ပျော်နေတတ်ကြောင်း၊ တိရိစ္ဆာန်တွေနဲ့ စကားပြောနေတတ်ကြောင်း၊ မြင်သလိုထင်သလို လုပ်ချင်တဲ့စိတ်ပြင်းပြကြောင်း ပြောသည်။ ဩစတြေးလျ မဲလ်ဘုန်း တက္ကသိုလ်တွင် သင်္ချာနှင့် ရူပဗေဒ အထူးပြုလေ့လာခဲ့သည်။ အက်စ်ဆန်းက အင်မတန် မိုးပြန်အောင် ပွေလီရှုပ်ထွေးနေတဲ့ ကွန်ပျူတာစနစ်များကို ထွင်းဖောက် (hack) နိုင်သူဖြစ်သည်။ စာကြီးပေကြီးများလည်း အရူးအမူးဖတ်သည်။ အာဖရိကခရီးထွက်ရတာ အနှစ်ခြိုက်ဆုံးဟု ပြောတတ်သည်။ အသက် ၁၈နှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ကလေးတစ်ယောက်ရခဲ့သည်။ သူနှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် ဇနီးသည်က ကလေးငယ်ခေါ်ပြီး သူ့ကိုပစ်သွားခဲ့သည်။ ဩစတြေးလျတွင် ဘဏ်အကောင့် ၃၁ ခု ဟတ်ခ် လုပ်ခြင်းကြောင့် တရားစွဲခံရပြီး ငွေအနည်းငယ် လျော်ကြေးပေး လွတ်မြောက်ခဲ့သည်။ နောက်ပိုင်း သူ့အာရုံပြောင်းလာသည်။ အစိုးရတွေရဲ့ အားနည်းချက် တွေ အမှားတွေကို အင်တာနက်ပေါ်ကနေ ဖွင့်ချမယ့် ပရောဖက်ရှင်နယ် ဟတ်ကာ ဖြစ်ဖို့ကြိုးစားလာသည်။ သူ့ဘလော့ဂ် IQ.org မှာ လူသိများပြီး သင်္ချာ၊ ဖလော်ဆော်ဖီကနေ အီရန်အစိုးရ ဆင်ဆာ တားမြစ်မှုအထိ သူ့အမြင်မျိုးစုံ ရေးထားသည်။ ၂၀၀၆ ခုနှစ်တွင်တော့ နိုင်ငံရေးလှုပ်ရှားသူတစ်ပိုင်း၊ ဂျာနယ်လစ်တစ်ပိုင်း ပိုးဝင်ပြီး WikiLeaks ကို စတင်ထူထောင်သည်။ အအိပ်မေ့ အစားမေ့ဖြင့် အလုပ်လုပ်သည်။ ၀န်ထမ်းအနည်းငယ်၊ ဗော်လန်တီယာ အချို့ဖြင့် သူ့အလုပ် သဲကြီးမဲကြီး လုပ်တော့သည်။ နိုင်ငံပေါင်းစုံခရီးထွက်ပြီး ကွန်ပျူတစ်လုံး ကျောပိုးအိတ်တစ်လုံးဖြင့် ကြုံရာကျပန်း အိတ်တတ်သူ၊ ဖြစ်သလို နေတတ်သူ ဖြစ်သည်။ ၀ိကိလိခ်က အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ ကျော်ကြားသူများရဲ့ အတွင်းသတင်းအနံ့ပေါင်းစုံကို အတိအကျကို နှိုက်ဖော်ပြခြင်းဖြစ်သည်။ အချက်အလက် အင်ဖော်မေရှင်းတွေက အတိအကျပါလား၊ ဘယ်ကရလဲ သူ့ကိုမေးရင် ဘယ်တော့မှ ပြန်မဖြေတာက သူ့စရိုက်သဘ၀။ အက်စ်ဆန်းက CNN အင်တာဗျူးတွင် ပြောပြဖူးတာ ရှိသည်။ “လူတွေက ၀ိကိလိခ်စ်က လုံးဝမှန်ကန် ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေပေးတယ်လို့ ယုံကြည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သတင်းဇာတ်လမ်းတွေရဲ့ မူလအချက်အလက်ရင်းမြစ်တွေ (primary source) တွေကို ချပေးနိုင်လို့၊ ပြီးမှ အဲဒီ့အချက်အလက်တွေပေါ် သုံးသပ်ရေးကြတာ။ primary source မပါဘဲ ဘယ်တော့မှ ရမ်းဖော်ပြတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့ကို ယုံကြတာပေါ့” ဟု ပြောထားသည်။ တကယ်လည်း သူက ဖွက်ထားတဲ့ မူလရင်းမြစ် အနှိုက်ကောင်းသူ။ ယခုနှစ် ဇူလိုင်တွင် အာဖဂန်စစ်ပွဲနဲ့ပတ်သက်တဲ့ လျှို့ဝှက်အထောက်အထား ၉၀၀၀၀ ကျော်အထိ သူ့ဝဘ်ဆိုဒ်က ထုတ်ဖြန့်ခဲ့သည်။ အမေရိကန်သမိုင်းတွင် ပထမဆုံး ထောက်လှမ်းရေး အချက်အလက် ယိုစိမ့်မှုကြီး စဖြစ်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာတွင် ၀ီကိလိခ်စ်က အီရက် စစ်ပွဲနဲ့ပတ်သက်တဲ့ အထောက်အထားတွေဖိုင်တွေ ထပ်ထုတ်သည်။ သံတမန်ဆိုင်ရာ အချက်အလက်ပေါင်း ၂၅၀၀၀၀ ၀ဘ်ဆိုဒ်ပေါ် တင်ပေးခဲ့ပြန်သည်။ သာမန် လူထုကတော့ ၀ီကိလိခ်စ် ကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ချီးကျူးထောပနာကြသည်။ သို့သော် အိမ်ဖြူတော်၊ ပင်တဂွန်အပါအ၀င် အစိုးရအများစုက ကမ္ဘာ့လုံခြုံရေး ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ၀ဘ်ဆိုဒ်ဟု သတ်မှတ်ပြီး အက်စ်ဆန်းကို အမျိုးမျိုးခြိမ်းခြောက်ထားမှုများ ရှိခဲ့သည်။ အက်စ်ဆန်းကို ချစ်သူ မုန်းသူများအကြား ဗျာများလွန်ဆွဲနေကြသည်။ သူ့ကျော်ကြားမှုအတွက် တိုင်းမ် မဂ္ဂဇင်းက ဒစ်ဂျစ်တယ်ခေတ်ရဲ့ တစ်နှစ်တာ အထူးချွန်ဆုံးပုဂ္ဂိုလ်ဆု ချီးမြှင့်လိုက်သည်။ တဆက်ထဲ သူ့အရိပ်မည်းက နောက်က လိုက်လာသည်။ ဆွီဒင်နိုင်ငံတွင် လိင်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဆိုပဲ။ စတော့ဟုမ်း တရားရုံးက မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ ပြစ်မှုမြောက်လျှင် နှစ်နှစ် ထောင်ဒဏ်ကျခံရမည်။ အင်တာပိုလ် ကလည်း လိုက်နေပြီ။ အားလုံးကတော့ သိနေသည်။ အမေရိကန် နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ။ အက်စ်ဆန်းရဲ့ ခံယူချက်နှင့် သီအိုရီကတော့ ရှင်းနေသည်။ တစ်ကမ္ဘာလုံး လုံးဝလုံးဝ ပွင့်လင်းမြင်သာရေး (total transparency) ရှိဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့တဲ့။ သူ့အတွက် ပြဿနာ ရှိရှိမရှိထက်၊ အမေရိကန်အတွက်တော့ အကျပ်ရိုက်ကုန်သည်။ ရုရှားနိုင်ငံကို မာဖီးယားနိုင်ငံဟု အမေရိကန်က နောက်ကွယ်မှ သတ်မှတ်ထားတာ ပေါ်သွားပြီ။ အာဖဂန် စစ်ရေးလျှို့ချက်များ ပေါ်ကုန်ပြီး၊ ကာဇိုင်းအစိုးရအပေါ် အမေရိကန် အယုံအကြည်မရှိတာ ထင်ရှားနေသည်။ လက်နက်အရောင်းအ၀ယ်ကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေ ရှိနေသည်။ စင်္ကာပူဝါရင့်ဝန်ကြီး လီကွမ်ယူက အာဆီယံထဲတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့မှာ တရုတ်အင်ဖော်မာများ ဖြစ်နေကြောင်း၊ အစည်းအဝေးလုပ်ပြီး နာရီအနည်းငယ်အတွင်း တရုတ်သတင်းပေးလုပ်နိုင်ကြောင်း ဖွင့်ချထားတာ ပါနေသည်။ ဒေသအသီးသီးရှိ အမေရိကန် သံတမန်များအဖို့လည်း မျက်နှာပျက်စရာဖြစ်နေသလို အသက်အန္တရာယ် စိုးရိမ်စရာများ ရှိနေသည်။ ရှေ့တွင် သံတမန်၊ နောက်တွင် စပိုင်လုပ်နေတဲ့ အမေရိကန်သံအမှုထမ်းတွေရဲ့ လျှို့ဝှက်အထုတ်များ ဖြေဖို့ အားလုံး စောင့်မျှော်နေကြသည်။ ရည်ညွှန်း။ CNN, the New York Times
မြန်မာဝီကီလိခ်


Sunday, April 21, 2013

ဆန္ဒနဲ့ဘဝ
















ကောင်မလေးရေ...
မင်းရဲ့ အပြုံးနုနုနဲ့ နှုတ်ခမ်းအစုံဟာ
ပြင်းရှတဲ့ ၀ိုင်တစ်ခွက်လို
သင်းမြချိုမြိန်ရီဝေစေသတဲ့..
ခက်တာက
ငါ ၀ိုင်မကြိုက်ဘူး...

မင်းရဲ့ သာယာကြည်လင်တဲ့ အသံလေးနဲ့သာ
နိုးထရရင် 
နံနက်ခင်းမှာ တီတာသီကျူးတတ်တဲ့
ငှက်ကလေးတွေရဲ့ တေးသံတွေတောင်
အရှုံးပေးရလောက်ရဲ့တဲ့..
ဒါပေမယ့်
ငါက မနက်စောစောလဲ မနိုးပြန်ဘူး...

ကောင်မလေးရယ်...
မင်းရဲ့ မျက်နှာဝိုင်းလေးဟာ
ညခင်းကို အလင်းရောင်ပေးတဲ့
အေးမြမြ လစန္ဒာသာ ဖြစ်လိုက်ပါတော့လား..
မင်းရဲ့ မျက်လုံးတစ်စုံဟာ
ကောင်းကင်ပြာကြီးထဲ တလက်လက်တောက်နေတဲ့
ကြယ်တာရာကလေးတွေသာ ဖြစ်လိုက်ပါတော့လား..
မင်းရဲ့ နှလုံးခုန်သံ လှိုင်းချက်လေးတွေဟာ
တိတ်ဆိတ်နေတဲ့ ညအလယ်မှာ
ရေပြင်ကို ဖြတ်ပြေးလာတဲ့ လေပြေညင်းလေးအဖြစ်
ငါ့ရင်ကို အေးမြစေပါတော့လား..

ဖြစ်ချင်တော့
ဒီ နွေဦးက ပူလွန်းတယ်
မိုးထိထိုးထောင်နေတဲ့ တိုက်တာတွေနဲ့
အုံ့မှိုင်းဖြန့်ကြက်ထားတဲ့ မြို့ပြမီးရောင်တွေကြား
လစန္ဒာနဲ့ ကြယ်ကလေးကိုရော
ငါရှာတွေ့နိုင်မှာလားကွယ်...


Thursday, April 11, 2013

အိမ်ခြေယာမဲ့တို့၏ မြေအောက်မြို့တော်တစ်ခုကို ရှာဖွေတွေ့ရှိခြင်း


အမေရိကန်နိုင်ငံ၊ မစ်ဆိုရီပြည်နယ်၊ ကန်ဆတ်မြို့တော်အနီးမှာ ရဲတွေဟာ အိမ်ခြေယာမဲ့တွေ နေထိုင်လျက်ရှိတဲ့ မြေအောက်ရပ်ကွက်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နေထိုင်နေကြတဲ့ အိမ်ခြေယာမဲ့တွေဟာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိမယ်လို့လဲ ယူဆကြပါတယ်။



အချိန်ဘယ်လောက်ယူပြီး တူးဖော်တည်ဆောက်ထားမှန်း မသိရတဲ့ သည် လှိုဏ်ခေါင်းတွေနဲ့ လှိုဏ်ဂူတွေပါတဲ့ ကွန်ရက်ဟာ မြေအောက်ရဲ့ ၂၀ သို့မဟုတ် ၂၅ပေ အနက်လောက်ထိ နက်ပါတယ်။
လိုဏ်ဂူငယ်လေးတွေကို အိပ်ယာပါဝင်တဲ့ အခန်းငယ်များအဖြစ် ဖွဲ့စည်းထားပြီး အလင်းရောင်အတွက် ဖယောင်းတိုင်တွေ သုံးထားတဲ့ ခြေရာလက်ရာတွေလဲ တွေ့ရပါတယ်။



အနီးအနားတ၀ိုက်မှာ မရှိရှိတာနဲ့ တည်ဆောက်ထားတဲ့ တဲသဏ္ဍာန် အရာများကိုလည်း မြေပြင်ထက် ထိုးထိုးထောင်ထောင် တွေ့ရှိရတာကြောင့် မနည်းလှတဲ့ အိမ်ခြေယာမဲ့တွေ နေထိုင်ကြတာဖြစ်တယ်လို့လဲ ယူဆကြပါတယ်။



ရဲတွေ ရှာတွေ့တဲ့အချိန်မှာ သည်မြေအောက်ရပ်ကွက်လေးနဲ့ မြေပေါ်တဲလေးတွေမှာ နေထိုင်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေမယ့် ရဲအရာရှိတစ်ဦးကတော့ သည်နေရာဟာ အိမ်ခြေယာမဲ့တွေ နေထိုင်လျက်ရှိကြတဲ့ နေရာဖြစ်ပြီး အနည်းဆုံး မနေ့ကအထိ နေထိုင်ခဲ့ကြကြောင်း အာမခံပါတယ်လို့ ဆိုပါတယ်။


သည်မြေအောက်မြို့တော်ကလေးရဲ့ ၀င်လမ်း၊ ထွက်လမ်းတချို့ဟာ ဖုံးအုပ်ကွယ်ဖျောက်ထားတာ တွေ့ရပါတယ်။


တကယ်တော့ ရဲတွေဟာ သည်မြေအောက်မြို့တော်လေးကို တမင်ရှာဖွေခဲ့တာ မဟုတ်ဘဲ အနီးအနားမှာ ရှိတဲ့ စက်မှုဧရိယာမှ ကြေးနီပျောက်ဆုံးမှုတွေအတွက် သူခိုးတွေ လိုက်ရှာရင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။
နောက်တော့ သူတို့ဟာ တရားရုံးတော်အမိန့်နဲ့ သည်နေရာမှာ နေထိုင်ခြင်းမပြုနိုင်အောင် ပြုလုပ်ဖို့ ပြန်ရောက်လာခဲ့ကြပါတယ်။ ဘူဒိုဇာတွေ အသုံးပြုကာ တဲသဏ္ဍာန်အရာတွေကို ဖျက်ဆီးပြီး အပျက်အဆီးအစုအပုံတွေနဲ့ မြေအောက်လှိုဏ်တွေကို ဖို့ပစ်လိုက်ကြပါတယ်။


ရဲအရာရှိတစ်ဦးကတော့ စုတ်ပြတ်ညစ်ညမ်းနေတဲ့ ပတ်ဝန်းကျင်အနေအထားဟာ လူတွေ နေထိုင်ဖို့ မသင့်တော်လို့ ဖျက်ဆီးရပါတယ်လို့ ဆိုပါတယ်၊ ဒါ့အပြင် သည်နေရာမှာ နေထိုင်သူတွေဟာ ကလေးတွေ ရှိပြီး ကလေးအနှီးအချို့ကိုလဲ တွေ့ရတယ်လို့ ဆိုပါတယ်။


နောက် သောကြာနေ့မှာ ရဲတွေဟာ အိမ်ခြေယာမဲ့တွေကို ကူညီဖို့ ဖွဲ့စည်းထားတဲ့ Hope Faith Ministries နဲ့အတူ အိမ်ခြေယာမဲ့တွေရဲ့ အခြေချစခန်းကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ရောက်ရှိနေထိုင်လျက်ရှိတဲ့ အိမ်ခြေယာမဲ့ လေးဦးကို တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမယ့် သည်မြေအောက်မြို့တော်ကို ဘယ်အချိန်မှာ တည်ဆောက်ခဲ့ကြတယ်ဆိုတာနဲ့ နေထိုင်ခဲ့ကြတဲ့ အိမ်ခြေယာမဲ့ အရေအတွက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ကြရပါဘူး။ နေထိုင်ကြတဲ့ အိမ်ခြေယာမဲ့တွေဟာ ဒီနယ်မြေထဲက ကြေးနီသူခိုးတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့တော့ သံသယရှိကြရပါတယ်။
Hope Faith Ministries ကတော့ တွေ့ရှိခဲ့တဲ့ အိမ်ခြေယာမဲ့လေးယောက်ကို ထောက်ပံ့မှုအစီအစဉ်တွေ ကမ်းလှမ်းခဲ့ပြီး သုံးယောက်ကတော့ လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီကနေ့ခေတ်ကာလကြီးမှာ လူတွေဟာ ရှင်သန်နေထိုင်မှုအတွက် မြေအောက်ထဲ ဆင်းပြီး စီမံဖန်တီးနေကြရတာကတော့ စိတ်မကောင်းဖွယ်ရာပဲ ဖြစ်ပါတယ်ခင်ဗျာ။

မူရင်းလင့်ခ် http://realestate.aol.com/blog/on/http:/realestate.aol.com/blog/on/underground-city-homeless-kansas-city/#photoID-5800101 ကို ကျွန်တော် ဘာသာပြန်ပါတယ်။
ကျွန်တော် မင်းအရိပ်ပါ  :P



Thursday, March 28, 2013

Third production - နှစ်(၄၀)စစ်ပွဲခေတ်လွန်က အင်းဝနောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင်


ကျွန်တော့်ဘလော့လေးမှာ အပိုင်း-၆ပိုင်း ခွဲပြီး ရေးခဲ့တဲ့ စစ်ကိုင်းစည်သူကျော်ထင်အကြောင်း pdf လေး ဖန်တီးလိုက်ပါပြီခင်ဗျာ။
ဒီစာလေးကို ဘာလို့ ရေးဖြစ်သလဲဆိုတော့ တရုတ်ရာဇ၀င်ဇာတ်ကားတွေကြည့်ရင်း ရေးချင်စိတ် ပေါ်လာလို့ ရေးဖြစ်ခဲ့တာပါ။
တရုတ်ရာဇ၀င်ဇာတ်ကားတွေ ကြည့်လိုက်ရင် သူတို့ဇာတ်ကားတွေက ရသတွေပေးနိုင်တဲ့အပြင် ဘုရင်တွေရဲ့ အမြော်အမြင်ရှိမှု၊ ပညာရှိတွေရဲ့ နှလုံးရည်ပြည့်ဝမှု၊ သူရဲကောင်းတွေရဲ့ လက်ရုံးရည်ကောင်းမွန်မှုတွေကိုလည်း အကောင်းဆုံးပုံဖော်နိုင်ကြတာ တွေ့နိုင်ပါတယ်။
ဇာတ်ကားရဲ့ ခံစားမှုရသကိုလည်း မပျက်စေဘဲ သူတို့ရဲ့ သမိုင်းအစဉ်အဆက်မှာ လူတော်တွေ ပေါများခဲ့ကြောင်းကို ရသလောက် ပုံဖော်နိုင်ကြတာလဲ တွေ့ရပါတယ်။
အဓိက ကတော့ ဘုရင်တစ်ပါးနဲ့တစ်ပါး ဗျူဟာခင်းကြပုံတွေ၊ ပညာရှိတစ်ဦးနဲ့တစ်ဦး ဥာဏ်ကစားကြပုံတွေ၊ သူရဲကောင်းတစ်ဦးနဲ့တစ်ဦး အစွမ်းပြိုင်ကြပုံတွေကို ပရိသတ်စိတ်ဝင်စားအောင် ရိုက်ကူးတင်ဆက်ကြပါတယ်။
မြန်မာရာဇ၀င်ဇာတ်ကားတွေကို ကြည့်ရင်တော့ အချစ်အကြောင်းတွေလောက်သာ အဓိက ဖော်ကျူးရိုက်ကူးလေ့ရှိပါတယ်။
ဥပမာ ကျန်စစ်သားအကြောင်း ဇာတ်ကားရိုက်တယ်ဆိုပါတော့၊ သူ့ရဲ့ လက်ရုံးရည်၊ နှလုံးရည်၊ အမြော်အမြင်တို့ကို ဖော်ကျူးရာမှာ အားနည်းသွားပြီး  မဏိစန္ဒာ၊ သမ္ဗူလ စသဖြင့် မိဖုရားတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ ရာဇ၀င်တင်မယ့် အချစ်အကြောင်းတွေသာ အဓိက ဇာတ်လမ်းဆင်ကြတာ တွေ့ရပါတယ်။
သည်လိုမျိုး ရာဇ၀င်ဇာတ်ကားမှာ အချစ်က ရှေ့တန်းရောက်လာတဲ့အခါ မြန်မာဘုရင်တွေ၊ သူရဲကောင်းတွေဟာ အချစ်ကိုပဲ ဦးစားပေးခဲ့သလား၊ အခြားနေရာမှာတွေရော အစွမ်းအစမရှိကြတော့ဘူးလားလို့ မေးစရာတွေ ဖြစ်လာခဲ့တယ်။
စစ်တိုက်ရင်လဲ လူစု၊ စစ်ထွက်၊ တစ်ဖက်ကို သွားတိုက်ခိုက်တာလောက်ပဲ ဖော်ပြနိုင်ကြပြီး အရေးကြီးဆုံးဖြစ်တဲ့ စစ်သေနင်္ဂဗျူဟာချမှတ်ကြပုံတွေ မတွေ့မိသလောက်ပါပဲ။
တကယ်တော့ မြန်မာဘုရင်တွေ၊ ပညာရှိတွေ၊ သူရဲကောင်းတွေ ဟာလည်း သူ့အနေအထားနဲ့သူ အမြော်အမြင်ရှိကြပါတယ်၊ နှလုံးရည်ပြည့်ဝကြပါတယ်၊ လက်ရုံးရည်မြင့်မားကြပါတယ်။ (အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ)
ဒီအကြောင်းတွေကို ဆရာကြီးနိုင်ပန်းလှရဲ့ ရာဇာဓိရာဇ်အရေးတော်ပုံတို့၊ ဦးကုလားရဲ့ မဟာရာဇ၀င်ကြီးတို့ကို ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။
ဒါပေမယ့် လူငယ်တွေအနေနဲ့ လက်လှမ်းမီသလောက်အနေအထားမှာတော့ မတွေ့ရသလောက်ဖြစ်နေပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ လက်ထဲရှိနေတဲ့ စာအုပ်လေးတစ်အုပ်နှစ်အုပ်ကနေ ရေးလို့ရတဲ့ အနေအထားလောက် ပေါ့ပေါ့ပါးပါး ရေးဖြစ်ခဲ့တာပါ။
ဘာလို့ နရပတိစည်သူအကြောင်း ရေးရသလဲဆိုတော့ သူ့အကြောင်း ဖတ်မိသွားတာရယ်၊ စိတ်ဝင်စားဖို့ ကောင်းတာရယ်၊ အစွမ်းအစရှိတဲ့ ဘုရင်တစ်ပါးဖြစ်သော်လည်း မထင်မရှားဖြစ်နေတာရယ်၊ သူ့အကြောင်း ပြည့်ပြည့်စုံစုံရေးသားကြတဲ့ စာအုပ်တွေဖြစ်စေ၊ ဆောင်းပါးတွေဖြစ်စေ အွန်လိုင်းပေါ်မှာ မတွေ့မိသေးတာရယ် ကြောင့်ပါပဲ။
ဒီစာလေးထဲမှာ နရပတိစည်သူရဲ့ အမြော်အမြင်၊ နှလုံးရည်၊ လက်ရုံးရည်တို့ကို စာအုပ်တွေက ရတဲ့ အချက်အလက်တွေက တဆင့် ဥာဏ်မီသလောက် ပုံဖော်ထားပါတယ်။
ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးနဲ့ နရပတိစည်သူတို့ တစ်ဦးနဲ့တစ်ဦး ဥာဏ်ရည်ပြိုင် စစ်ဗျူဟာခင်းကြပုံကိုလည်း မဟာရာဇ၀င်ကြီးကို မှီးပြီး စကားလုံးအနည်းငယ်ဖြည့်စွက်ကာ ဖော်ပြထားပါတယ်။
ရာဇ၀င်ဆိုပေမယ့် ရာဇ၀ံသဆိုတဲ့ ဘုရင်အကြောင်းသာ မဟုတ်ဘဲ လက်အောက်က ပညာရှိ၊ သူရဲကောင်းများအကြောင်းပါ တတ်နိုင်သလောက် ထည့်သွင်းရေးသားထားပါတယ်။
ဒီစာလေးဟာ ၀တ္ထုသဘောလဲ မဟုတ်၊ သုတစာတမ်းမျိုးလဲ မဟုတ်ပါဘူး။
သမိုင်းအကြောင်း စိတ်ဝင်စားတဲ့၊ စာရေးရတာ ၀ါသနာပါတဲ့ လူငယ်တစ်ယောက်အနေနဲ့ သမိုင်းအချက်အလက်တွေနဲ့ ကိုက်ညှိပြီး ရေးတတ်သလို ပေါ့ပေါ့ပါးပါးလေး ရေးထားတာသာ ဖြစ်ကြောင်းပါခင်ဗျာ။

download ယူနိုင်သောလင့်ခ်
http://www.mediafire.com/?3jk5be0h54m7gxh

ကျေးဇူးတင်ပါတယ်။

Sunday, March 24, 2013

Flushed away (ဖြတ်စ)


Flushed awayဆိုတဲ့ ကာတွန်းဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းလေးတစ်ခန်းပါ၊
ကြိုက်လို့ ဖြတ်ထုတ်ထားတာ၊
တိုက်ဆိုင်သွားရင် ခွင့်လွှတ်ကြနော်... :P

Sunday, March 17, 2013

မင်းကို သတိရတဲ့အခါ ခဏတိုင်း ငါသေတယ်














သတိရတယ်ချစ်သူ
လွမ်းတယ်လို့တော့ ပြောခွင့်မရှိဘူးထင်ပါရဲ့...

ထွက်သွားခဲ့တဲ့ မင်း မမှားခဲ့ပါဘူး
မတားခဲ့မိတဲ့ ငါ့အမှားရယ်ပါ...

လမ်းခွဲကြရအောင်တဲ့
ငါ့နားထဲ အခုထိ ကြားဆဲပေါ့ချစ်သူ
အဲဒီအချိန်တုန်းက
မာနဆိုတဲ့ အရာကိုသာ
ငါ မပိုင်ဆိုင်ခဲ့ရင် ကောင်းသားလားချစ်သူရယ်
မတုန်မလှုပ်နဲ့ ခေါင်းငြိမ့်ခဲ့တဲ့ငါ့ကို
မင်း အံ့သြနေခဲ့မလား
ဒါမှမဟုတ်
လိုချင်တဲ့ အဖြေရလို့ ၀မ်းသာနေခဲ့သလား
ငါ ခုထိ ဝေခွဲမရနိုင်သေးဘူး
သေချာတာက
ငါ့ရင်ထဲက မာနတချို့ကို
မင်း မြင်အောင် ကြည့်မသွားခဲ့ဘူး...

အနေဝေးရင် သွေးအေးသွားမှာပါတဲ့
မင်းပြောခဲ့တယ်
ဒါပေမယ့်
အတိတ်ရက်တွေကို ပြန်တွေးလိုက်တိုင်း
ငါ့နှလုံးသားကို နွေးထွေးစေမြဲပါပဲ...

အသစ်မရှာဘူးဆိုလို့
စွန့်ခွာသွားတဲ့ မင်းကို
သစ္စာရှိလွန်းတာတော့ မဟုတ်ဘူး
နှလုံးသားထဲက မင်းက
ဘယ်ကိုမှ ထွက်မသွားတာ
အခက်ပေါ့ ချစ်သူ...

မိုင်တွေရဲ့ ခြားနားမှုကို သိတယ်ချစ်သူ
အချိန်တွေရဲ့ ကန့်သတ်မှုကိုလည်း နားလည်တယ်
ခက်တာက
လက်တွေ့အခြေအနေကို ရင်မဆိုင်ရဲခြင်းဟာ
ငါ့အတွက်
ကြေကွဲခြင်းနဲ့သာ ထိုက်တန်နေစေတာလေ...

အသဲကွဲဇာတ်လမ်းတွေဆိုတာ
ဒီနေ့ခေတ်ကြီးထဲမှာ
အဆန်းမဟုတ်တော့ဘူးတဲ့
လူတွေ ပြောကြတယ်
ငါက အသဲကွဲသူတစ်ယောက်မှ မဟုတ်တာ
နှလုံးသားတစ်စုံရဲ့ ရပ်တည်ရာကို
ပျောက်ဆုံးခဲ့သူရယ်ပါ...

မှတ်ဥာဏ်ဆိုတဲ့အရာကို
အစိတ်အပိုင်းလိုက်
ခွဲပြီး ဖျက်ပစ်လို့ရရင် သိပ်ကောင်းမယ်
အတိတ်တွေ
ပစ္စုပ္ပန်တွေ
အနာဂတ်တွေ
ငါ
မင်းကို သတိရတဲ့အခါ
ခဏတိုင်း သေတတ်လို့ပါချစ်သူ...



Thursday, March 14, 2013

There is no home like the one you've got 'cause that belongs to you


I have got so much to give
I swear I do
I may not have nine lives
But this one feels brand-new
Yes, I've lived a good one
I have tried to be true
There are some things I never realized
Till I met you
How the wind feels on my cheeks
When I'm barking at the moon
There is no home like the one you've got
'Cause that home belongs to you

Here I come
Back to you
There is no home like the one you've got
'Cause that home belongs to you

Well, I was in trouble bad
I was so confused
I may not see in color, babe
But I sure can feel blue
I have been a lot of things
They may not all be true
My experience was so mysterious
Till I met you
Now the sun will rise in the east
But I'm barking at the moon
There is no home like the one you've got
'Cause that home belongs to you

Here I come
Back to you
There is no home like the one you've got
'Cause that home belongs to you
There is no home like the one you've got
'Cause that home belongs to you


Bolt ကာတွန်းဇာတ်ကားထဲက ဇာတ်ဝင်တေးတစ်ပုဒ် ကြိုက်လို့ ဖြတ်ထုတ်ထားတာ
ဟောဒီစာသားလေး အကြိုက်ဆုံး
There is no home like the one you've got
'Cause that home belongs to you

ဒီတိုင်းပို့စ်တင်မလို့ဟာကို ဘလော့ဂါမှာတင်မရလို့ you tubeမှာ channelဖွင့်ပြီး ရှဲလိုက်တယ် ဘာရမလဲ ဟဲဟဲ