(သုံးစွဲထားသော ပန်းချီပုံမှာ ဖေ့စ်ဘုတ်ခ်ပေါ်တွင် ဆရာဦးသန်းမြင့်တင်ပေးထားသော ပုံများအနက်မှ တစ်ပုံဖြစ်ပါသည်။)
ငနတ်တော်
။
။ မင်းရဲကျော်စွာ ဆင်ထိ၍ ဥနှဲပင်အောက်တွင် နေရစဉ်က မွန်တို့သည် မင်းရဲကျော်စွာကို မမြင်ကြ၍ ၎င်း၏ ဆင်တော် နောက်ထိုင် ငနတ်တော်ကို စစ်မေးသော် မသိဟု ဆို၏။ ရာဇာဓိရာဇ်က " ငါ့တူတော်ကို အပြစ်မပြုပါ ၊ သားပြုပါမည် " ဟု ဆိုမှ မင်းရဲကျော်စွာ ရှိရာသို့ ညွှန်လေသည်။
ငမြတ်တော်
။
။ ဘုရင်မင်းခေါင်သည် ဒလမှ ပုသိမ်သို့ချီ၍ မွန်သူရဲကောင်း သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) ကျော်စောလှသည် ၊ ငါကြည့်လိုသည် ၊ ထွက်ပါစေဟု စေ၏။ ထွက်လာ၍ ပြောဟောနေကြစဉ် မင်းရဲကျော်စွာသား မင်းငယ်ကျော်ထင်၏ ကျွန် ငမြတ်တော်သည် သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) ကို လှံနှင့်လှမ်း၍ ထိုးလိုက်၏။ ဝေးသောကြောင့် မထိုးမိ။ ရှေ့တွင် ကျလေ၏။ သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) လည်း သတ်ရအောင် ဥပါယ်ဖြင့် ခေါ်သည်ထင်၍ ရုတ်ခြည်းထ၍ ပြန်ခဲ့၏။ မြို့တွင်းသို့ ပြန်ရောက်သောအခါ " ရှေ့တော်တွင် လူဆိုး ၊ သူဆိုးတို့ လှံနှင့်ထိုး၍ အရှည်အကြာ ဦးမခိုက်ခဲ့ရပါ "ဟု မင်းခေါင်သို့ လျှောက်လိုက်၏။
မင်းခေါင်သည်
မြေးတော် မင်းငယ်ကျော်ထင်ကို “ ထိုးစေသလော " ဟု စစ်မေးရာ " သူ့အလိုအလျောက် ထိုးပါသည် " လျှောက်မှ ငမြတ်တော် ကို နှောင်ကြိုးတည်း၍ ကြိုက်ရာတွင် ကွပ်လေဟု သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)သို့ အပ်တော်မူ၏။
သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)က
စစ်မေးသော်
" မည်သူမျှ ငါ့ကို မတိုက်တွန်း ၊ ငါ့အရှင် မင်းရဲကျော်စွာ ဆုံးရသည်ကို စိတ်နာ၍ ငါ ထိုးပေသည် ၊ ငါ့ကို သတ်လိုလျှင် သတ်ပါ ၊ ငါမကြောက် " ဟု ဆို၏။
သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)လည်း
" အရှင်ကိုချစ်သော
သူရဲကောင်းကို
ငါမသတ်လို
" ဟုဆို၍ ဘုရင်မင်းခေါင်သို့ ဤသို့ လျှောက်၏။ " အရှင်မင်းကြီးက စေ၍ထိုးသည်ဟု ထင်မှားမိပါသည် ၊ သည်းခံတော်မူပါ။ ထိုသူ၏ အသက်ကို ကျွန်တော် တောင်းပန်ပါ၏ " ဟု လျှောက်လိုက်၏။ မင်းခေါင်လည်း စိတ်ပြေ၍ လွှတ်တော်မူ၏။
(ဦးဖိုးကျားရေးသားသော မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာ စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)
No comments:
Post a Comment